မိုးပြေး 
ရေး / ဆို ခင်ဘုဏ်း 
  မိုးလေးသည်းတုန်း အချစ်တစ်ခုရဖူးတယ် 
စွဲမြဲ ချစ်ဖို့ ငါ ရည်ရွယ်ထားလည်း 
နင်ဟာ မိုးလေးစဲတော့ 
တိတ်တိတ် ထွက်သွားတယ် 
နွေးထွေးတဲ့ အပြုံးလေးတွေ 
ပျောက်ဆုံးခဲ့ 
မိုးပြေးလေး ပါပဲ 
အသည်းထဲ ခဏဝင်ခဲ့ 
ရွာပါဆိုတော့ လည်းပဲ 
အဝေးဆုံးကို ပြေးခဲ့တယ် 
မိုးသည်းထဲမှာပဲ 
အသည်းလည်း တစ်စစီကွဲ 
ရင်ခုန်သံတွေ ပြောင်းလည်း 
မျှော်လင့်ဆဲ 
မိုးဖွဲလေးထဲ အရိပ်နှစ်ခုကို တွေ့တယ် 
အေးစက် ကျောခိုင်းသူ ရယ်သံများနဲ့ 
ငါဟာ မိုးပြေးလေးပဲ တမ်းတမိနေတယ် 
ရွဲရွဲ မိုးမျက်ရည် စိုဆဲပဲ 
မိုးပြေးလေး ပါပဲ 
အသည်းထဲ ခဏဝင်ခဲ့ 
ရွာပါဆိုတော့ လည်းပဲ 
အဝေးဆုံးကို ပြေးခဲ့တယ် 
မိုးသည်းထဲမှာပဲ 
အသည်းလည်း တစ်စစီကွဲ 
ရင်ခုန်သံတွေ ပြောင်းလည်း 
မျှော်လင့်ဆဲ 
  နင်ဟာ လေနင်ရာပြေးတဲ့ မိုးစက်တွေပဲ 
မပိုင်ဆိုင်နိုင်တဲ့ 
အပြုံးက ရက်စက်နေခဲ့ 
မိုးပြေးလေး ပါပဲ 
အသည်းထဲ ခဏဝင်ခဲ့ 
ရွာပါဆိုတော့ လည်းပဲ 
အဝေးဆုံးကို ပြေးခဲ့တယ် 
မိုးသည်းထဲမှာပဲ 
အသည်းလည်း တစ်စစီကွဲ 
ရင်ခုန်သံတွေ ပြောင်းလည်း 
မျှော်လင့်ဆဲ 
မိုးပြေးလေး ပါပဲ 
အသည်းထဲ ခဏဝင်ခဲ့ 
ရွာပါဆိုတော့ လည်းပဲ 
အဝေးဆုံးကို ပြေးခဲ့တယ် 
မိုးသည်းထဲမှာပဲ 
အသည်းလည်း တစ်စစီကွဲ 
ရင်ခုန်သံတွေ ပြောင်းလည်း 
မျှော်လင့်ဆဲ 
မိုးပြေးလေးပါပဲ ဟေး ရေ 
 WinOo78