အချစ်သီချင်း
ခိုင်ထူး
အချစ်ရနံ့တွေမွှေးပျံ့ ထုံအီနေတုန်းမှာ
အချစ်ငှက်ကလေး ဂီတာမှာလာနားရင်း
သံယောဇဉ် သီချင်းလေးတွေ
ကျူးရစ်လို့ ဆိုနေခဲ့တယ်
ကိုယ့်ချသ်သူ
ဆည်းလည်းလေးလိုရီသံချိုတဲ့အခါ
မွန်းတည့်ချိန်နေလဲ ပူတယ်မထင်ခဲ့မိပါ
အင်အားမဟာ အချစ်အတွက်
ရူးသွပ်ခြင်းလို့ ခေါ်ချင်ခေါ်တော့ကွယ်
ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ
ရင်ထဲမှာ တစ်စစဆီကြွေ
ငိုတော့မယ် မျက်ရည်လည်လာတတ်ပြီ
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူ
ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ်
မုန်တိုင်းထဲမှာ ပွင့်တဲ့ပန်းလို
ကြွေမွသွားခဲ့စဉ်
အချစ်မျက်နှာကလေး ယောင်ကာအိပ်မက်မက်တယ်
ပတ်ဝန်းကျင် လှည့်ကြည့်မိတော့
တမ်းတတဲ့သူ ကိုယ်တစ်ယောက်ထဲကွယ်
ကိုယ့်ချသ်သူ
ဆည်းလည်းလေးလိုရီသံချိုတဲ့အခါ
မွန်းတည့်ချိန်နေလဲ ပူတယ်မထင်ခဲ့မိပါ
အင်အားမဟာ အချစ်အတွက်
ရူးသွပ်ခြင်းလို့ ခေါ်ချင်ခေါ်တော့ကွယ်
ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ
ရင်ထဲမှာ တစ်စစဆီကြွေ
ငိုတော့မယ် မျက်ရည်လည်လာတတ်ပြီ
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူ
ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ်
ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ
ရင်ထဲမှာ တစ်စစဆီကြွေ
ငိုတော့မယ် မျက်ရည်လည်လာတတ်ပြီ
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူ
ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ်