ကြင်နာသလို မကြင်နာသူ
နေနိုင်ရက်တဲ့ ချစ်သူလေး
အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်
ကိုယ်မငြိုငြင်ခဲ့ဘူးကွယ်
သူညာတာတွေ ရင်ထဲက
ငိုနေမိလည်း ခဏပါပဲ
ဟန်ဆောင်ပြုံးရင်း ချစ်တဲ့သူအနားမှာ
ကိုယ်တစ်ကယ်ကို ပျော်နေခဲ့တယ်
အချစ်တစ်ခုနဲ့
အရာရာအားလုံး သဘောအတိုင်းပဲ
ကိုယ်လိုချင်ခဲ့သော အချစ်တို့ဝေးနေလဲ
ရင်တွေကွဲပြီး နားလည်မယ်
အပြစ်မမြင်ပါဘူး ချစ်သူလေးရယ်
မပိုင်ဆိုင်ရလဲ ထားခဲ့ပေါ့ကွယ်
နေပါစေ ကိုယ်ကျေနပ်တယ်
တစ်ဘဝလုံးအတွက် ချစ်သူရယ်
ဘဝမှာတစ်ခါထဲ ချစ်ချင်လို့ပါ
နေမဝင်ခဲ့သော ကိုယ့်ရဲ့အချစ်တွေ
ထာဝစဉ် ရှင်သန်ဆဲကွယ်
ကြင်နာသလို မကြင်နာသူ
နေနိုင်ရက်တဲ့ ချစ်သူလေး
အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်
ကိုယ်မငြိုငြင်ခဲ့ဘူးတစ်ကယ်
ညာတာတွေ ရင်ထဲက
ငိုနေမိလည်း ခဏပါပဲ
ဟန်ဆောင်ပြုံးရင်း ချစ်တဲ့သူအနားနား
ကိုယ်တစ်ကယ် ပျော်နေခဲ့တယ်
အချစ်တစ်ခုအတွက်
အရာရာအားလုံး သဘောအတိုင်းပဲ
ကိုယ်လိုချင်ခဲ့သော အချစ်တို့ဝေးနေလဲ
ရင်တွေကွဲပြီး နားလည်မယ်
အပြစ်မမြင်ပါဘူး ချစ်သူလေးရယ်
မပိုင်ဆိုင်ရလဲ ထားခဲ့ပေါ့ကွယ်
နေပါစေ ကိုယ်ကျေနပ်တယ်
တစ်ဘဝလုံးအတွက် ချစ်သူရယ်
ဘဝမှာတစ်ခါထဲ ချစ်ချင်လို့ပါ
နေမဝင်ခဲ့သော ကိုယ့်ရဲ့အချစ်တွေ
ထာဝစဉ် ရှင်သန်ဆဲကွယ်
တခါတလေမှာ သူပြောရက်ခဲ့တဲ့
စကားလုံးတိုင်းမွန်းကြပ်
အသက်မရှုနိုင်ပါတယ်
နာကျင်အောင် အသည်း ထိခဲ့လည်း
သူတစ်ခါကြင်နာရုံ ကိုယ်လေပြန်ကာရူး
ရင်တွေကွဲပြီး နားလည်မယ်
အပြစ်မမြင်ပါဘူး ချစ်သူလေးရယ်
မပိုင်ဆိုင်ရလဲ ထားခဲ့ပေါ့ကွယ်
နေပါစေ ကိုယ်ကျေနပ်တယ်
တစ်ဘဝလုံးအတွက် ချစ်သူရယ်
ဘဝမှာတစ်ခါထဲ ချစ်ချင်လို့ပါ
နေမဝင်ခဲ့သော ကိုယ့်ရဲ့အချစ်တွေ
ထာဝစဉ် ရှင်သန်ဆဲကွယ်
Add lyric