မေ့အတွေးကမ္ဘာ
ချိုပြုံး
လူကိုမြင်တိုင်း မလုံမလဲ
သူအစဉ်လို ပြုံးတာ
သူဒီလို ပြုံးလေတိုင်း
မေရင်ဖိုခဲ့တာ
မေ့အသည်း ရင်ထဲ
သူ့အတွက် အချစ်ပိုကဲ
လူကိုမြင်တိုင်း မလုံမလဲ
သူအစဉ်လို ပြုံးတာ
သူဒီလို ပြုံးလေတိုင်း
မေရင်ဖိုခဲ့တာ
မေ့အသည်း ရင်ထဲ
သူ့အတွက် အချစ်ပိုကဲ
ဂစ်တာသံလေး ရင်ထဲ
သာယာ ကြည်နူးစရာ
တက္ကသိုလ် ကျောင်းတော်သားကို
အကြင်နာ ပိုမိလို့
အားငယ်မိတယ် မေ့မှာ
မခင်တွယ်မှာ စိုးလို့
တက္ကသိုလ် ကျောင်းတော်သားကို
အကြင်နာ ပိုမိလို့
အားငယ်မိတယ် မေ့မှာ
မခင်တွယ်မှာ စိုးလို့
လေပြည်ဆော့သွေး ညတိုင်း
ဂီတာသံ ပေးကာ
ဒီအသံကို ကြားလေတိုင်း
ရင်မှာ ကြည်နူးတာ
မေ့အတွေး ကမ္ဘာထဲ
သူ့အကြောင်း အမြဲလိုပဲ
ဂစ်တာသံလေး ရင်ထဲ
သာယာ ကြည်နူးစရာ
တက္ကသိုလ် ကျောင်းတော်သားကို
အကြင်နာ ပိုမိလို့
အားငယ်မိတယ် မေ့မှာ
မခင်တွယ်မှာ စိုးလို့
တက္ကသိုလ် ကျောင်းတော်သားကို
အကြင်နာ ပိုမိလို့
အားငယ်မိတယ် မေ့မှာ
မခင်တွယ်မှာ စိုးလို့
ဂုဏ်ရည်တူပဲ မေ့အသည်း
ကြည်ဖြူလိုက်စမ်းပါ
မခင်တွယ်လို့လည်း မဟုတ်ဘူး
ရင်နာနာနဲ့ပါ
မေ့အတွေး ကမ္ဘာထဲ
သူ့အကြောင်း အမြဲလိုပဲ