huatong
huatong
avatar

ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ

စိုင်းထီးဆိုင်huatong
nra_2810huatong
الكلمات
التسجيلات
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

စိုင်းထီးဆိုင်

တေးရေး စိုင်းခမ်းလိတ်

....

ငယ်စဉ်က ကလေးတို့ဘဝမှာ

ပျော်ပါးဖို့ရာ လွယ်ပါတယ်

ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ

စားချိန်မှာ ဝင်စားမယ်

အိပ်ချိန်မှာ ဝင်အိပ်မယ်

အပူအပင်ကင်းတဲ့ ကလေးလေးဘဝသာ

တစ်ခါပြန်ပြီး ရချင်သေးတယ်

အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို

တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

....

ဟိုစဉ်က လွတ်လပ်မှုဟာ

ခုများ ပျောက်လို့ နေပါပြီ

သံယောဇဉ်နဲ့ တုတ်နှောင်မြဲခဲ့

သွားချင်ရာကို မသွားနိုင်

လုပ်ချင်ရာကို မလုပ်နိုင်

အပူအပင်ကင်းတဲ့ ကလေးလေးဘဝသာ

တစ်ခါပြန်ပြီး ရချင်သေးတယ်

အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို

တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

....

ဖြူစင်တဲ့ နှလုံးသားလေးဟာ

အရောင်အမျိုးမျိုး စွန်း ထင်းနေပြီ

ဆန္ဒလွန်ကဲ စိတ်အလိုလိုက်လွဲ

အသုံးမဝင်တဲ့ နောင်တတွေ

လှုံ့ဆော်ကာ ကြေကွဲနေ

အပူအပင်ကင်းတဲ့ ကလေးလေးဘဝသာ

တစ်ခါပြန်ပြီး ရချင်သေးတယ်

အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို

တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

winbo29

المزيد من စိုင်းထီးဆိုင်

عرض الجميعlogo