သီချင်း း ကြည်ဖြူမယ်ဆိုရင်
တေးဆိုု း Hlwan Paing , Yaw Min Oo
Verse:
ရင်ခုန်သံတွေဆိတ်သုဉ်းချိန်
ဒဏ်ရာတွေအလည်မှာတယောက်ထဲပဲကွယ်
ဒါတွေမင်းမသိနိုင်ခဲ့
ငါငိုနေတယ် ရင်ထဲ
ဒါတွေဘယ်သူမြင်နိုင်မလဲ အချစ်ရယ်
အိပ်မက်တွေပဲ
သူငယ်ချင်းထက် ချစ်ခွင့်တွေမရှိပဲ
စိတ်ကူးမိတဲ့ ငါ့မှာသာရူးနေတယ်
ဘယ်လိုဖွင့်ပြောလိုက်ရမှာလဲ
နေနိုင်ပါတယ် ဒီအတိုင်းပဲ ချစ်ခွင့်မရှိပေမယ့်
ငါအမြဲတောင့်တလို့နေမိတယ်
မင်းရဲ့အချစ်ကိုပဲ....
Chorus:
နင်သာကြည်ဖြူမယ်ဆို ငါဖွင့်ပြောလိုက်ချင်တယ်
ခင်မင်မှုတွေပျက်ခါ နင်မုန်းလို့သွား စိုးထိတ်မိနေခဲ့
ဖြူစင်နေတာတွေကို ငါအရောင်စိုးမိနေခဲ့
နင်ပြန်မချစ်မှာလဲငါ အရမ်းကြောက်မိတယ်
သူငယ်ချင်းလိုပဲနေသွားရမလား
ေဩာ် ခက်တယ်...
Rap:
ဖွင့်ပြောဖို့အတွက်ကို အကြိမ်ကြိမ်ငါကြိုးစား
မပြောဖြစ်တဲ့စကားလုံးများ ငါသိမ်းထား
ဟုတ်ပါတယ် ငါအရှုံးသမား
မင်းနဲ့ပတ်သက်ခဲ့ရင်ဘာရှိလဲ မိုးရွာရင် နှာစီးတယ်
မင်းအတွက်မိုးပေးဖို့ ထီးတစ်ချောင်းပဲငါရှိတယ်
အကြိမ်ကြိမ်ဖွင့်ပြောဖို့ငါချိန်နေခဲ့လဲ
ငါ့ဘဝဟာအခြေနေမဲ့တယ် အပေတေပဲကွယ်
ဒါကြောင့်ငါနေနေခဲ့မယ် မင်းနဲ့လျှောက်ခဲ့ဖူးတဲ့
နေရာလေးထဲ မိုးထဲထီးခေါက်လေးနဲ့ ထောင့်လေးထဲ
မင်းလာမယ့် အချိန်ကိုစောင့်ငေးဆဲ ဟေး....
နေနိုင်ပါတယ် ဒီအတိုင်းပဲ ချစ်ခွင့်မရှိပေမယ့်
ငါအမြဲတောင့်တလို့နေမိတယ်
မင်းရဲ့အချစ်ကိုပဲ....
Chorus:
နင်သာကြည်ဖြူမယ်ဆို ငါဖွင့်ပြောလိုက်ချင်ခဲ့
ခင်မင်မှုတွေပျက်ခါ နင်မုန်းလို့သွား စိုးထိတ်မိနေခဲ့
ဖြူစင်နေတာတွေကို ငါအရောင်စိုးမိနေခဲ့
နင်ပြန်မချစ်မှာလဲငါ အရမ်းကြောက်မိတယ်
သူငယ်ချင်းလိုပဲနေသွားရမလား
ေဩာ် ခက်တယ်