နှလုံးသားထဲ ယုံကြည်နေချင်ပါတယ်...
အချစ်စိတ်တို့ ဘယ်တော့မှ
မပြောင်းလဲနဲ့နော်
ရင်ထဲက စိတ်မချဘူး...
ကံကြမ္မာကို မယုံရဲဘူး
ဝေးရမယ်... ဆိုတဲ့အတွေး မတွေးချင်ဘူး...
ချစ်ရတဲ့မေ ယုံကြည်နေပါကွယ်...
ရွှေရင်ကိုပူစေတဲ့ အတွေးလေးများဘေးကိုဖယ်
ခိုင်မြဲသော အချစ်တို့နဲ့
ကြည်ဖြူစွာ မြတ်နိုးခဲ့
မင်းလေးအနားမှာ ထာဝရ အမြဲနေမယ်
အန္တရာယ်တွေလဲ မမှုတော့ပါ
ချစ်သူရဲ့ အရိပ်အောက်မှာ...
သာယာအေးမြလို့
လုံခြုံနွေးထွေးပြည့်စုံသွား...
ရင်ခုန်စေသော အနမ်းများဟာ
တို့ဘဝအတွက် အားအင်များ...
ဒီကမ္ဘာမြေဆုံးထိ အတူတူချစ်သွားမှာပါ...
တို့ရဲ့လက်ကို မေရေ ခိုင်ခိုင်တွဲ...
မနာလိုသူတွေ သွေးထိုးနှောင့်ယှက်တဲ့အခါမှာ
ခိုင်မြဲသောအချစ်တို့နဲ့
အကြင်နာတွေ မယိုင်လဲနဲ့
ချစ်သူလေး... ဘယ်လိုမှ မဝေးချင်ဘူး
အန္တရာယ်တွေလဲ မမှုတော့ပါ
ချစ်သူရဲ့ အရိပ်အောက်မှာ...
သာယာအေးမြလို့
လုံခြုံနွေးထွေးပြည့်စုံသွား...
ရင်ခုန်စေသော အနမ်းများဟာ
တို့ဘဝအတွက် အားအင်များ...
ဒီကမ္ဘာမြေဆုံးထိ အတူတူချစ်သွားမှာပါ...
တို့ရဲ့လက်ကို မေရေ ခိုင်ခိုင်တွဲ...
မနာလိုသူတွေ သွေးထိုးနှောင့်ယှက်တဲ့အခါမှာ
ခိုင်မြဲသောအချစ်တို့နဲ့
အကြင်နာတွေ မယိုင်လဲနဲ့
ချစ်သူလေး... ဘယ်လိုမှ မဝေးချင်ဘူး
ခိုင်မြဲသောအချစ်တို့နဲ့
အကြင်နာတွေ မယိုင်လဲနဲ့
ချစ်သူလေး...
ထာဝရ ချစ်နေမယ်....