ထူးအယ်လင်း၊မီးမီးခဲ
(b)..ဘဝ အချိန်ခဏလေး
ရှင်သန်ခွင့်ရ တို့ဘဝတစ်သက်တာ
အပေါင်းအသင်းတွေကြား
အမြဲတမ်းတို့ဟာ ကြင်နာစွာ
(g)..မင်း လိုအင်တိုင်း
လိုအပ်တိုင်းပေါ့ မင်းအနားရှိမှာ
မငြင်းရက်ခဲ့ဘူး ပေးဆပ်ခြင်းမှာ
ပျော်ရွှင်ရင်းသာ...
(b)..အားငယ်ချိန်တိုင်း
အနားမှာအစဉ်အားပေးခဲ့တာ
မင်းရဲ့အပြုံးတွေပဲ
မမေ့နိုင်ခဲ့ဘူးလေ
(b)+(g)..ဒီအပြုံးလေးများနဲ့
တို့ဘဝကို ဖန်တီးဆေးခြယ်
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း
အကောင်းဆုံးနေ့များ
မျှဝေလို့ တို့ခံစားကြမယ်
(g)..ယုံကြည်ထားတယ်
ခိုင်မာသော
(b)+(g)..တွဲလက်များရယ်
(g)..ဟေး ဒီရင်ထဲ
အခိုင်မာရှိခဲ့ကြတဲ့ မေတ္တာ
မပြောင်းလဲပါဘူး
မဟောင်းနွမ်းဘူးလေ
ဖြူစင်စွာ
(b)..ဟေး ဘယ်လိုလဲ
တကယ်အိုမင်းလို့သွားတဲ့
တစ်နေ့တိုင်
မပြောင်းလဲပါဘူး
မင်းအတွက်တို့ဟာ
အမြဲရှိနေမှာ
(g)..အားငယ်ချိန်တိုင်း
အနားမှာအစဥ်အားပေးခဲ့တာ
မင်းရဲ့အပြုံးတွေပဲ
(b)..ချစ်စရာ အချစ်ဆုံးလေး
(b)+(g)..ဒီအပြုံးလေးများနဲ့
တို့ဘဝကို ဖန်တီးဆေးခြယ်
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း
အကောင်းဆုံးနေ့များ
မျှဝေလို့ တို့ခံစားကြမယ်
(g)..ယုံကြည်ထားတယ်
ခိုင်မာသော
(b)+(g)..တွဲလက်များရယ်
(b)+(g)..ဒီအပြုံးလေးများနဲ့
တို့ဘဝကို ဖန်တီးဆေးခြယ်
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း
အကောင်းဆုံးနေ့များ
မျှဝေလို့ တို့ခံစားကြမယ်
(g)..ယုံကြည်ထားတယ်
ခိုင်မာသော
တွဲလက်များရယ်
(b)..ဒီအပြုံးလေးများနဲ့ တို့ဘဝကို
(b)+(g)..ဖန်တီးဆေးခြယ်
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း
အကောင်းဆုံးနေ့များ
မျှဝေလို့ တို့ခံစားကြမယ်
(g)..ယုံကြည်ထားတယ်
ခိုင်မာသော
(b)+(g)..တွဲလက်များရယ်
(g)..ယုံကြည်ထားခဲ့
ခိုင်မာသော
(b)+(g)..တွဲလက်များရယ်