huatong
huatong
avatar

မျက်စိမှိတ်ချစ်နေမယ်

ထူးအိမ်သင်/မို့မို့huatong
saintpmillerhuatong
الكلمات
التسجيلات
မျက်စိမှိတ်ချစ်နေမယ်

ထူးအိမ်သင်+မို့မို့

(B)မပီပြင် ၀ိုးတ၀ါး အချစ်တစ်ခုတည်း

ခုံမင် နှစ်သက်လို့နေခဲ့..

ယုံတမ်းစကားပြောကာ ချစ်ပြလိုက်တာ

ပျော်နေသူပါကွယ်..

နွေရာသီလမ်းကလေး လှနေဆဲ..

ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ...

ချစ်ခြင်းဖွဲ့စကားတွေပြောခဲ့ကြတာ

ပြန်မြင်ယောင် နေတယ်...

အချစ်တွေမကုန်ဆုံးဘူး မပျက်သုဉ်းဘူး

ကိုယ်တစ်ယောက်တည်း ချစ် ပြပါ့မယ်

သူ့စိတ်ကူးထဲ ကိုယ်ရှိခဲ့

အချိန်ရယ် ကြာပြီပဲ...

(G) အို... တို့အချစ်က

လှောင်ရယ်စရာများ ဖြစ်နေလား

မင်းရဲ့အမြင်နဲ့တစ်ဖက်သတ်အမှား

ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ

တစ်ချိန်မှာဝေး ကြ ရ ဖို့..

တစ်ချိန်ကသိပ်ချစ်ခဲ့တာလား..

မပြတ်သားတဲ့အချစ်ကို

အဆုံးသတ်ချင်လိုက်တာ...

(B) အိပ်မက် လေး လည်း သိပ်ကြေကွဲ

အချိန်တွေ ခြား လို့ လွင့်ပြယ်ခဲ့..

ဘာမှန်း မသိတဲ့အချစ်အပေါ်

အလေးအနက်ထားတာ

ကိုယ်လွန်ပြီ ထင်တယ်...

နွေရာသီလမ်းကလေး လှနေဆဲ..

ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ...

ချစ်ခြင်းဖွဲ့စကားတွေပြောခဲ့ကြတာ

ပြန်မြင်ယောင် နေတယ်...

အချစ်တွေမကုန်ဆုံးဘူး မပျက်သုဉ်းဘူး

ကိုယ်တစ်ယောက်တည်း ချစ်ပြပါ့မယ်

သူ့စိတ်ကူးထဲ ကိုယ်ရှိခဲ့

အချိန်ရယ် ကြာပြီပဲ...

(G)အို... တို့အချစ်က

လှောင်ရယ်စရာများ ဖြစ်နေလား

မင်းရဲ့အမြင်နဲ့တစ်ဖက်သတ်အမှား

ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ

တစ်ချိန်မှာဝေး ကြ ရ ဖို့..

တစ်ချိန်ကသိပ်ချစ်ခဲ့တာလား..

မပြတ်သားတဲ့အချစ်ကို

အဆုံးသတ်ချင်လိုက်တာ...

(B+G)ရင်မှာမီးတို့ လှောင်ကျွမ်းလို့

ကိုယ့်အသည်းလေးလည်း မချိအောင်ဘဲ

ခံစားရတော့မှာ ဘယ်အချိန်အထိလဲ...

အို... အနာဂတ်များစွာပျက်စီးလို့

သူလေကိုယ့်ဘက် မရှိပေမယ့်

မျက်စိမှိတ်ကာ အခုထိချစ်နေမယ်...

မျက်စိမှိတ်ကာ အခုထိချစ်နေမယ်...

المزيد من ထူးအိမ်သင်/မို့မို့

عرض الجميعlogo