အိပ်မက်တွေအကြောင်း
သံစဉ်/စာသား - သောမတ်စ်
တေးဆို - ထွဏ်းထွဏ်း
သစ်ရွက်ကလေးတွေလည်း
တဖြုတ်ဖြုတ်လွင့်ကြွဆေဲ
ပန်းပွင့်ကလေးတွေလည်း
သစ်ရွက်ကလေးလိုပဲ
လူသားတွေဘဝအမှန်သည်လည်း
အိပ်မက်ကလေးလိုပဲ
တစ်ချိန်မှာ အခိုးအငွေ့အဖြစ်နဲ့
လွင့်ကွယ်ပျောက်သွားမယ်
နှလုံးကြေကွဲစွာနဲ့
နုတ်ဆက်ခဲ့ပါတယ်
တစ်နေ့ပြန်တွေ့မှာပဲ
သိနေကြသော်လည်း
ဘုရားရှင်ရဲ့ ရင်ခွင်ထဲ
ရောက်ရှိသွားသူ အတွက်
ဘာကြောင့် ဝမ်းနည်းခြင်းနဲ့
မျက်ရည်လည်မိတယ်
မတားပါနဲ့
ဧည့်သည်တစ်ဦးရဲ့
အိမ်ပြန်လမ်းခရီးကို
မသွားချင်လည်း
ချိန်းချက်လာသော
တနေ့ရောက်ရှိခဲ့ရင်
ဘုရားရှင်ရဲ့
ရင်ခွင်တော်မှာ
အားလုံးတွေ့ဆုံမယ်
ကတိစကားတွေ (ကတိစကားတွေ)
ယုံသောသူ (ယုံသောသူ)
ရွှေပြည်တော်မှာ
ဘုန်းတော်ဝင်စားမယ်
🎸🎶🎸🎶🎸🎶🎸
ဧည့်သည်ချင်းတွေပဲ
သဘောပေါက်နားလည်တယ်
အိပ်မက်ကလေးတွေအတွက်
နှလုံးကြေကွဲသော်လည်း
ဒီလောကကြီးရဲ့ အပူမီး
ငြိမ်းချုပ်သွားသူအတွက်
တစ်ချိန်မှာဝမ်းမြောက်ခြင်းနဲ့
ဘုန်းတော်ဝင်စားမယ် ..
နှလုံးကြေကွဲစွာနဲ့
အိုး နုတ်ဆက်ခဲ့ပါတယ်
တစ်နေ့ပြန်တွေ့မှာပဲ
သိနေကြသော်လည်း
ဘုရားရှင်ရဲ့ ရင်ခွင်ထဲ
ရောက်ရှိသွားသူ အတွက်
ဘာကြောင့် ဝမ်းနည်းခြင်းနဲ့
မျက်ရည်လည်မိတယ်
မတားပါနဲ့
ဧည့်သည်တစ်ဦးရဲ့
အိမ်ပြန်လမ်းခရီးကို
မသွားချင်လည်း
ချိန်းချက်လာသော
တနေ့ရောက်ရှိခဲ့ရင်
ဘုရားရှင်ရဲ့
ရင်ခွင်တော်မှာ
အားလုံးတွေ့ဆုံမယ်
ကတိစကားတွေ (ကတိစကားတွေ)
ယုံသောသူ (ယုံသောသူ)
ရွှေပြည်တော်မှာ
ဘုန်းတော်ဝင်စားမယ်
မတားပါနဲ့
ဧည့်သည်တစ်ဦးရဲ့
အိမ်ပြန်လမ်းခရီးကို
မသွားချင်လည်း
ချိန်းချက်လာသော
တနေ့ရောက်ရှိခဲ့ရင်
ဘုရားရှင်ရဲ့
ရင်ခွင်တော်မှာ
အားလုံးတွေ့ဆုံမယ်
ကတိစကားတွေ (ကတိစကားတွေ)
ယုံသောသူ (ယုံသောသူ)
ရွှေပြည်တော်မှာ
ဘုန်းတော်ဝင်စားမယ်
🙏ကျေးဇူးတင်ပါတယ်🙏
🕊️ရဲနိုင်🕊️