သီချင်း - သေခန်းပြတ်သူငယ်ချင်း
တေးဆို - ထွန်းအိန္ဒြာဗိုလ်
စံပယ်ရယ်သူငယ်ချင်းတွေမို့
ယုံကြည်စွာတိုင်ပင်ခဲ့ဖူးကြသည်
ဒီလိုသာတစ်သက်လုံးနေဖို့
ခိုင်မာစွာဆုံးဖြတ်ခဲ့ပါသည်
ရင်ခွင်မှာမောင်မောင်ရောက်လာတော့
စံပယ်ရယ်ငယ်သူငယ်ချင်းအချစ်ကို
ဘယ်လိုသံသယရှိလည်း
အရင်လိုရင်းနှီးချစ်ခင်ခဲ့
ဒါပေမယ့်လည်းမင်းစိတ်ထားတွေ
ရုတ်တရက်ပြောင်းလဲသွားတော့ကိုယ့်မှာ
မယုံနိုင်အောင်ဖြစ်ခဲ့ရပါပြီ
ကွယ်ရာမှာမောင်နဲ့ဇာတ်ရှုပ်တာ
လိုချင်ပွင့်ပွင့်လင်းလင်းပြောပေါ့
အခုတော့အားလုံးစိတ်ညစ်ရတာ
မောင်မောင်နဲ့မင်းကတရားခံ
ကြင်နာတာအဆက်ဖြတ်ပစ်လိုက်ပြီ
ဒါပေမယ့်လည်းမင်းစိတ်ထားတွေ
ရုတ်တရက်ပြောင်းလဲသွားတော့ကိုယ့်မှာ
မယုံနိုင်အောင်ဖြစ်ခဲ့ရပါပြီ
ကွယ်ရာမှာမောင်တို့ဇာတ်ရှုပ်တာ
လိုချင်ပွင့်ပွင့်လင်းလင်းပြောပေါ့
အခုတော့အားလုံးစိတ်ညစ်ရတာ
မောင်မောင်နဲ့မင်းကတရားခံ
ကြင်နာတာအဆက်ဖြတ်ပစ်လိုက်ပြီ