huatong
huatong
avatar

နေမင်းလိုပန်းသီးလို

ဒေးဗစ်လိုင်huatong
💜ခ်စ္ေလး💞💞🇲🇲ŠäõŤąî🇲🇲huatong
الكلمات
التسجيلات
နေမင်းလိုပန်းသီးလို

တေးရေး..ကောင်းကောင်း

တေးဆို..ဒေးဗစ်လိုင်း

+++++++++++++++++++++

အဆင်ပြေသလိုလောကမှာ

ခိုနားရင်းလေ

ဟာနေတဲ့ နှလုံးသားနေရာ

စိုးစိတ်၀င်

ငါမြင်တဲ့ အဝေးဆုံးနေရာ

အချစ်တစ်ခုဟာ

ချိုမြိန်တဲ့ ပန်းသီးလို

ဆာလောင်တဲ့ နှလုံးအိမ်ထဲ..

၀င်လာကာ ဖြည့်ဆည်းမယ့်သူ...

ထင်မြင်စိတ်ကူးက

တကယ်တော့ မှားခဲ့ပြီ

ဆုံရန်မလွယ် တို့နှစ်ယောက်ဟာ

ပြိုင်မျဉ်း နှစ်ကြောင်းလို

လိုနေ ဆန္ဒလေးကို

ဖြည့်ဆည်းး ဖို့အတွက်

အရာရာကို တထစ်ချယုံကြည်

မမြင်နိုင်တဲ့စိတ်များ

အသွေးသားထဲ ပျံ့နှံ့သွား

အသိ နောက်ကျသွားတဲ့ အသိ

ဘာမဆို အမြင်မတူတော့

တို့နှစ်ယောက်

တန်ဖိုးခြင်းမညီတော့

ရှေ့ဆက်မရဘူး

တဖြည်းဖြည်း နီးလို့ ငါ့နှလုံးသား

တမြေ့မြေ့ကျွမ်းလောင်နေ

ယုံကြည်မိခဲ့သော နင့်အချစ်က

ချိုမြိန်စေမယ့် အရသာ.....

တကယ်ကိုထိတွေ့ကြည့်မှ

ပူလောင်သွား ငါအဖြစ်ပါ

နင်ဟာတကယ်တန်းဆိုရင်

ရင်ကိုခြွေသော နေမင်းကြီးပါ.

+++++++++++++++++++++

နန်းလေး(SaoTai)မှ တင်ပေးသည်။

+++++++++++++++++++++

ထင်မြင်စိတ်ကူးက

တကယ်တော့ မှားခဲ့ပြီ

ဆုံရန်မလွယ် တို့နှစ်ယောက်ဟာ

ပြိုင်မျဉ်း နှစ်ကြောင်းလို

လိုနေ ဆန္ဒလေးကို

ဖြည့်ဆည်းး ဖို့အတွက်

အရာရာကို တထစ်ချယုံကြည်

မမြင်နိုင်တဲ့စိတ်များ

အသွေးသားထဲ ပျံ့နှံ့သွား

အသိ နောက်ကျသွားတဲ့ အသိ

ဘာမဆို အမြင်မတူတော့

တို့နှစ်ယောက်

တန်ဖိုးခြင်းမညီတော့

ရှေ့ဆက်မရဘူး.....

တဖြည်းဖြည်း နီးလို့

ငါ့နှလုံးသား

တမြေ့မြေ့ကျွမ်းလောင်နေ

ယုံကြည်မိခဲ့သော နင့်အချစ်က

ချိုမြိန်စေမယ့် အရသာ.....

တကယ်ကိုထိတွေ့ကြည့်မှ

ပူလောင်သွား ငါအဖြစ်ပါ

နင်ဟာတကယ်တန်းဆိုရင်

ရင်ကိုခြွေသော နေမင်းကြီးပါ....

တဖြည်းဖြည်း နီးလို့ ငါ့နှလုံးသား

တမြေ့မြေ့ကျွမ်းလောင်နေ

ယုံကြည်မိခဲ့သော နင့်အချစ်က

ချိုမြိန်စေမယ့် အရသာ.....

တကယ်ကိုထိတွေ့ကြည့်မှ

ပူလောင်သွား ငါအဖြစ်ပါ

နင်ဟာတကယ်တန်းဆိုရင်

ရင်ကိုခြွေသော နေမင်းကြီးပါ....

နင်ဟာတကယ်တန်းဆိုရင်

ရင်ကိုခြွေသော နေမင်းကြီးပါ....

ကျေးဇူးတင်ပါတယ်ရှင်။

المزيد من ဒေးဗစ်လိုင်

عرض الجميعlogo