huatong
huatong
avatar


နန်ဒဧရာhuatong
ppmcdbamthuatong
الكلمات
التسجيلات
သီချင်း - ရန်ကုန်သားလေးကျွန်တော်ပါ

တေးဆို - နန္ဒဧရာ

မြန်မာပြည်အနှံ့ လျှောက်လို့သာ

ဂစ်တာလေးလည်းပိုက်ကာ

ရောက်ခဲ့ဘူးတဲ့ မြို့တွေမှာ

ရန်ကုန်သားလေးကျွန်တော်ပါ

လေယာဉ်ပျံကြီး စီးလို့သာ

ဂစ်တာလေးနဲ့ လိုက်ခဲ့တာ

ဂန့်ဂေါမြို့ရဲ့ တစ်နေရာ

ဂစ်တာတီးတဲ့ ကောင်လေး

တောင်ပေါ်မြေက ဖြတ်လို့သာ

နေရာအနှံ့လျှောက်သွားခဲ့တာ

ရေချိုးဆိပ်ရဲ့ တစ်နေရာ

ထိုင်ကာငေးလို့ နေပြန်တာ

အော်တိုစာအုပ်ကလေးပြကာ

သူလာပေးလို့ ရေးရတာ

စကားပြောတော့ ဝဲဝဲပါ

ရေလာခပ်တဲ့ကောင်မလေး

ဖြူစင်သန့်ရှင်း ချစ်ချစ်စရာ

သဘောထားလည်း ကောင်းကြတာ

ယောမြို့ကအပြန်မှာ

မော်တော်ကားနဲ့ကြုံလာကာ

တောင်ပေါ်မြေက ထွက်လို့ခွာ

နေပူပြင်းပြင်းထဲမှာ

ပင်ပန်းလှပေါ့ ဒီတစ်ခါ

ဂစ်တာတီးတဲ့ ကောင်လေး

မန္တလာမြေလည်း ရောက်လို့လာ

မရောက်ဖူးလို့ လျှောက်ကြည့်တာ

မြင်းလှည်းခတော့ မသက်သာ

ဘုရားကြီးကအပြန်မှာ

ဒီတစ်ခါတော့ စျေးချိုမှာ

ပစ္စည်းလေးများ မေးတဲ့အခါ

လေဟာပြင်ထက် စျေးကြီးတာ

မဝယ်ပဲနောက်ကောက် ပြန်ပြေး

ဘူတာရုံထဲ သွားလို့သာ

ရထားလက်မှတ်မေးကာ

မန္တလေးက အပြန်မှာ

တောင်ငူတစ်ခေါက် ဝင်လည်တာ

T.T.C ထဲ ရောက်တဲ့အခါ

သူငယ်ချင်းများနဲ့ တွေ့ရတာ

မိန်းမလှကျွန်းလို့ ခေါ်မယ်ကွာ

သူတို့မြို့က နေရာလေး

တောင်ငူမြေက ထွက်လို့လာ

ရန်ကုန်မြို့သို့ ရောက်ခဲ့တာ

ဒီတစ်ခေါက်သွားလို့ ကြာနေတာ

မာမီကလည်း မကြည်ပါ

ကြုံကြိုက်တုန်းမို့ ဝင်လည်တာ

ဒီတစ်ခါ ခွင့်လွှတ်လိုက်ပါ

မချစ်ဖူးလားကွယ့် မာမီရေ

ဂစ်တာတီးတဲ့ ကောင်လေး

المزيد من နန္ဒဧရာ

عرض الجميعlogo