huatong
huatong
avatar

အရောင်မဆိုးနဲ့(A Yaung Ma Soe Nae)

နီနီခင်ဇော်huatong
postersailemhuatong
الكلمات
التسجيلات
နင်သာ ငါ့အား ထားသွားနိုင်ခဲ့တာ

အရာရာအကုန်လုံး

ငါမေ့ပျောက်လို့မရလို့

နင်မပါတဲ့ နေ့ညတို့

အချိန်ရှိတိုင်း သတိရလို့

ငါတစ်ယောက်တည်း

ဖေးမမယ့်သူမရှိ...

နင်သာ ကံကောင်းတဲ့သူဆိုရင်

ငါဟာအခု ကံဆိုးတဲ့လူ

နင့်အကြည့် နင့်အပြုံး

ဘယ်တော့မှ ငါမရိုးခဲ့ဘူး

နင်ပဲငါ့ရဲ့ အချစ်တွေအားလုံး

စုပုံပြီးရိုက်ချိုးခဲ့သူ

အရင်ဘဲ နောက်ဘဲ

တစ်ယောက်ပြီးတစ်ယောက်ဆီ ဆက်ပြီးဒိုးတဲ့သူ

နင်ခင်းသမျှရွှေ့သမျှ အကွက်တွေလည်း ငါမသိရဟ

"က"ကြီးမှ "အ"

အထိ ဆုံးအောင်သိတော့မှ နာကျည်းရ

နင်လုပ်သောအကြောင်းအရာတွေသာ

ငါတို့ကြားကာဆီးထား

ငါ့ဘ၀ထဲအခုဝင်ကြည့် မင်းဆိုတာပါပြီးသား

ငါမသိပါ မျက်ရည်က သူ့အလိုလိုကျလာတယ်

သူတစ်ပါးစိတ်ချမ်းသာတော့ကုသိုလ်ပိုရပါတယ်

မျက်နှာကကလေးလိုနဲ့ နောက်ကျောကို ဓားထောက်

နင်ငါ့ကိုချစ်တယ်ပြော

တကယ်တမ်းတော့ အခြားတစ်ယောက်

အဖေကြောင့်အမေကြောင့်

ဘာကြောင့်ညာကြောင့် အမျိုးမျိုးနဲ့

အချစ်ဝတ္ထုထဲကစကားတွေငါ့ကိုလာပြီး

ဆေးမထိုးနဲ့

ဒီကမ္ဘာမှာနင်မရှိတော့ဘူးဆိုတဲ့စိတ်နဲ့

နေကြည့်ခိုင်းတယ်

ဒီကမ္ဘာမှာ နင်မရှိတော့ရင်ရှင်လျက်နဲ့

ငါသေသည့်အတိုင်းပဲ...

နာနာ ... ငါ့အား ထားသွားနိုင်ခဲ့တာ

အရာရာအကုန်လုံး

ငါမေ့ပျောက်လို့မရလို့

နင်မပါတဲ့နေ့ညတို့

အချိန်ရှိတိုင်းသတိရလို့

ငါတစ်ယောက်တည်း

ဖေးမမယ့်သူမရှိ...

ငါ့အတွက်ဘယ်တော့မှ နင်မကြည့်

စာနာမှုမရှိ စိတ်ကြိုက်ငါ့ကိုအရုပ်လို

အိပ်မက်များစွာ ဖန်တီးလို့

အရောင်ဆိုးနေတုန်း

ငါသာရူးမတတ်ချစ်ခဲ့ရ...

အရင်က ငါ့ကိုယ်ငါဒီဇာတ်လမ်းရဲ့

မင်းသားထင်ဖူးတယ်

မင်းပေးတဲ့အယုအယတွေ မင်းစကားတွင်ရူးခဲ့

နားကြပ်တစ်ခုကို တစ်ဖက်ဆီတပ်ရင်း

သီချင်း နားဆင်ဖူးတယ်

ငါတို့နှစ်ယောက်ရဲ့အနာဂတ်

အရှင်းသားမြင်ဖူးတယ်

မစဉ်းစားချင်ဘူးတကယ်

ငါ့အပြင်နောက်တစ်ယောက် သူအရန် ထားမယ်

နင့်အကြောင်းတွေကြားရလွန်းလို့

ငါ့ရဲ့နားထဲ ပလူပျံသွားတယ်

အကောင့်ဖွင့်တယ်

တစ်လောကလုံးနဲ့ ကြူရန်အလားပဲ

သက်ရောက်မှုတိုင်းမှာသာ တန်ပြန်သက်ရောက်မယ်

ဆိုမင်းအတွက်မှားတယ်

နွေပြီးတော့ မိုးတွေကျ

နောက်ဆုံးကျမှဆောင်းဝင်သလို

တစ်နှစ်မှာ သုံးယောက်လောက်

နင်ကအနည်းဆုံးပြောင်းချင်လို့

ငါ့မှာတော့အခုထိရူးလို့

နင့်ရင်ထဲဝင်အောင်းချင်လို့

ငါ့အတွက်နင်က မျက်နှာများတဲ့ကောင်းကင်မို့

နင်ပြောတော့ ငါ့အမှား

အရှင်းသားကြီး ဘယ်သူပိုမှားလဲ

ငါ့ဘ၀ကိုစိတ်ကြိုက်

နင်းသွားပြီး သူမလိုမှဖယ်

သူ့ဘ၀ကျပန်းချီကားလို

စဉ်းစားပြီး သူလိုသမျှခြယ်

သိပ်ကြောက်ဖို့ကောင်းတယ်

နင်က ထမင်းစားပြီး လူလိုနားမလည်...

နင်သာ ငါ့အား ထားသွားနိုင်ခဲ့တာ

အရာရာအကုန်လုံး

ငါမေ့ပျောက်လို့မရလို့

နင်မပါတဲ့နေ့ညတို့

အချိန်ရှိတိုင်းသတိရလို့

ငါတစ်ယောက်တည်း

ဖေးမမယ့်သူမရှိ...

ငါ့အတွက်ဘယ်တော့မှနင်မကြည့်

စာနာမှုမရှိ စိတ်ကြိုက်ငါ့ကိုအရုပ်လို

အိပ်မက်များစွာဖန်တီးလို့

အရောင်ဆိုးနေတုန်း

ငါသာရူးမတတ်ချစ်ခဲ့ရ...

နင်သာ ငါ့အား ထားသွားနိုင်ခဲ့တာ

အရာရာအကုန်လုံး

ငါမေ့ပျောက်လို့မရလို့

နင်မပါတဲ့ နေ့ညတို့

အချိန်ရှိတိုင်း သတိရလို့

ငါတစ်ယောက်တည်း

ဖေးမမယ့်သူမရှိ...

ွှကျေးဇူးတင်ပါတယ်။

المزيد من နီနီခင်ဇော်

عرض الجميعlogo