huatong
huatong
avatar

အိပ်မပျော်သောညများ Female Key

နီနီဝင်းရွှေhuatong
ချိတမီးရဲ့ပါပါhuatong
الكلمات
التسجيلات
အိပ်၍မပျော်သောည

နီနီဝင်းရွှေ

အိပ်၍မပျော်သော

ညတစ်ညသံသရာလည်

လေသာပြတင်းနံဘေးဝယ်

ဖွေရှာငေးမော ကြည့်နေစဉ်မယ်

တိမ်တိမ်လွှာတွေလည်း

မည်းမည်းမှောင်ရီခြယ်

အစွဲများ ခြောက်လှန့်နေသည်နှယ်

အသည်းများ ထိတ်ထိတ်ပါတယ်ကွယ် ……

အိပ်၍မပျော်သော

ညတစ်ညရဲ့ညဥ့်လည် သံသရာဝယ်

အိပ်၍မပျော်သော

ညတစ်ညသံသရာလည်

လေသာပြတင်းနံဘေးဝယ်

ဖွေရှာငေးမော ကြည့်နေစဉ်မယ်

တိမ်တိမ်လွှာတွေလည်း

မည်းမည်းမှောင်ရီခြယ်

အစွဲများကခြောက်လှန့်နေသည်နှယ်

အသည်းများ ထိတ်ထိတ်ပါတယ်ကွယ် ……

အိပ်မပျော်သော

ညတစ်ညရဲ့ညဥ့်လည် သံသရာဝယ် ……

အိပ်မပျော်လေတိုင်း …

ရှေးဖြစ်နောက်ကြောင်းများရယ်

တွေးတောမိတယ် ……

သူ့အတွက်ဝေဒနာ

အဖြေလည်းရှာရန်မလွယ်

ပြန်လည်ကာ

ဆန်းစစ်ကြစမြဲကွယ်

စိတ်မသက်သာဖွယ် ……

သြော်နှိပ်စက်ကြပြီမို့လည်းကွယ်

ဒီလိုညများ

မတွေ့ပါရစေနဲ့တကယ်

စေတနာတွေကြွယ်

ချစ်တယ်သို့သော်ငြားလည်းကွယ်

အတိတ်ရယ်အကျဉ်းသား ……

ယွင်းမှားလို့

ကိုယ့်အားနှိပ်စက်နေသည်မို့ကွယ် …

ရွှေအား...ငယ်ငယ် ……

မှောင်နဲ့မည်းမည်း …

ဘာမှမသဲကွဲသော

ညတစ်ညရဲ့

ဝိုးတ၀ါးညဥ့်လည်

အိပ်မက်ဆိုး များသာ ……

ဖြစ်ပါစေကွယ် ……

စိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ်

စိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ် ……

ဪစိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ်

စိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ် ……

အိပ်မပျော်လေတိုင်း …

ရှေးဖြစ်နောက်ကြောင်းများရယ်

တွေးတောမိတယ် …

သူ့အတွက်ဝေဒနာ

အဖြေလည်းရှာရန်မလွယ်

ပြန်လည်ကာ

ဆန်းစစ်ကြစမြဲကွယ်

စိတ်မသက်သာဖွယ် ………

သြော်နှိပ်စက်ကြပြီမို့လည်းကွယ်

ဒီလိုညများ

မတွေ့ပါရစေနဲ့တကယ်

စေတနာတွေကြွယ်

ချစ်တယ်သို့သော်ငြားလည်းကွယ်

အတိတ်ရယ်အကျဉ်းသား ……

ယွင်းမှားလို့

ကိုယ့်အားနှိပ်စက်နေသည်မို့ကွယ် ……

ရွှေအား...ငယ်ငယ် ……

စိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ်

စိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ် ……

ဪ စိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ်

စိတ္တဇညများ

ကုန်ဆုံးလွန်မြောက်ပါစေကွယ် ……

ကျေးဇူးတင်ပါတယ်(လေးစိုး)

المزيد من နီနီဝင်းရွှေ

عرض الجميعlogo