huatong
huatong
avatar

စံပါယ်ပုံပြင်

ပိုင်သက်ကျော်huatong
peluche_and_bellahuatong
الكلمات
التسجيلات
စံပါယ်ပုံပြင်

️ပိုင်သက်ကျော်

စံပါယ်ပန်းပွင့်တွေ ကြိုးနဲ့သီ

ကျွန်တော်ပန်ဆင်ပေးမှ

သူ့မှာကျေနပ်နေ

ဆံပင်ရှည်လေးနဲ့ အရမ်းလိုက်တဲ့သူ

စံပါယ်ပန်းလေးလို နှလုံးသားလှသူ

သူဘယ်ဆီပြေးလို့ ပြစ်ခွာရှောင်တိမ်းနေ

စံပါယ်တွေပွင့်တိုင်း လွမ်းခဲ့ရတယ်

စံပါယ်ပန်းများကို မေးကြည့်ပြန်တော့လည်း

သူ့ကို မတွေ့မိဘူးတဲ့

ပန်းစံပါယ်များက ပြောတယ်

ဖြူဖွေးသန့်စင် နှလုံးသားစံပါယ်ပုံပြင်

ချစ်သူ နှစ်ယောက်ရဲ့အကြောင်း

အတိတ်ကိုပဲ သတိရတယ်

ချစ်သူနဲ့ခင်တဲ့မိတ်ဆွေ

အားလုံးကို မေးမိသေးတယ်

ချစ်သူပျောက် ရှာရင်းဝေးလေ

မိုးဆုံးမြေနှံ့ခဲ့ပြီးပြီ

ပုံပြင်တစ်ပုဒ်အဖြစ် ထားခဲ့သူရေ

စံပါယ်တွေပွင့်တိုင်း

အသည်းထဲရှိုက်လို့ငို

SOLO MUSIC

ပွင့်ဦးသစ္စာ မနွမ်းတဲ့ပန်းတွေ

ရင်ခွင်မြေနှလုံးသား ဥယျာဉ်မှာပွင့်ဝေ

သူပြန်ခဲ့မယ့် တစ်နေ့ကိုစောင့်လို့နေ

ကြာပန်းဖူးငုံ ပျိုးတဲ့လရောင်

ရေကြည်ကြည်စိမ်းလဲ့ မြကန်ပေါင်ရိုးပေါ်

စံပါယ်ရုံနံဘေးက လှမ်းမေးလိုက်တယ်

နွေဦးညသခင် အဝေးကငွေလမင်း

ချစ်သူရှိရာလမ်း

ပြပါဦး ဖိုးလမင်းရယ်

ရင်တွင်းရှိုက်သံ အလွမ်းငှက်ကြင်ဖော်အဝေး

အဝေးကို ပြေးသော်လည်း

တို့ရင်ထဲ အမြဲရှိနေ

ဝေးခါနီးသူပြောခဲ့တဲ့

စကားလေးတွေ မှတ်မိသေးတယ်

ပန်းစံပါယ်အဖြစ်ကျွန်တော့်အသည်းနှလုံးကို

ကြိုးနဲ့သီပေးခဲ့တယ်

စံပါယ်လိုအဖြစ်နဲ့ ချစ်တဲ့သူရေ

ရွှေရင်ကွဲမတတ် လွမ်းရတော့မယ်

المزيد من ပိုင်သက်ကျော်

عرض الجميعlogo
စံပါယ်ပုံပြင် لـ ပိုင်သက်ကျော် - الكلمات والمقاطع