huatong
huatong
avatar

မချစ်ရင်

ပုုိပုုိhuatong
lucedoghuatong
الكلمات
التسجيلات
သီချင်း - မချစ်ရင်

တေးဆို - ပိုပို

အစကတို့နှစ်ယောက်

မတွေ့ခဲ့ရင်သိပ်ကောင်းမယ်

အနိုင်ယူလွန်းတဲ့မင်းကိုအရှုံးပေးခဲ့ပါတယ်

နှလုံးသားလေးလည်းသွေးထွက်လွန်ခဲ့တယ်

ဒီမှာအသည်းကွဲရောဂါကုဖို့ခက်ပါတယ်မင်းနဲ့

တစ်သက်စာဒီအလွမ်းများစွာ

နင်ပေးခဲ့လည်းငါအမှတ်မရှိသေးလို့

မချစ်ရင် မချစ်ဘူးပြောခဲ့ပေါ့

သံယောဇဉ်မရှိဘူးပြောခဲ့ပေါ့

တစ်ခါတစ်လေလွမ်းလို့ရူးချင်တယ်

ဘယ်မှာနင့်ကိုလိုက်ရှာမလဲ

အရာရာကိုငါမေ့ပစ်လိုက်ချင်တယ်

တစ်ခါတစ်လေနင့်ကိုငါမုန်းတယ်

လူတွေနင့်အကြောင်းမေးရင်လည်း

နာကျင်စွာငါခေါင်းရမ်းမိပါတယ်

အစွဲလန်းကြီးတတ်တဲ့ငါ့ကိုယ်ငါမုန်းတယ်

ငါလေအဆိပ်မိသွားသလိုချစ်ခဲ့မိပါတယ်

မင်းမချစ်ဘူးလို့ပြောတဲ့ဒီစကားကို

ငါလေ စနောက်သလားလို့တွေးခဲ့မိတော့လည်းအရူးလို

ဘဝတွေပြိုလဲကျကာ

မျှော်လင့်ချက်တွေနင်အနိုင်ကျင့်ခဲ့လို့

မချစ်ရင် မချစ်ဘူးပြောခဲ့ပေါ့

သံယောဇဉ်မရှိဘူးပြောခဲ့ပေါ့

တစ်ခါတစ်လေလွမ်းလို့ရူးချင်တယ်

ဘယ်မှာနင့်ကိုလိုက်ရှာမလဲ

အရာရာကိုငါမေ့ပစ်လိုက်ချင်တယ်

တစ်ခါတစ်လေနင့်ကိုငါမုန်းတယ်

လူတွေနင့်အကြောင်းမေးရင်လည်း

နာကျင်စွာငါငိုခဲ့မိပါတယ်

တစ်ယောက်တည်းပြိုလဲကြေကွဲ

အမှောင်ထဲမိုက်မည်းစွာနဲ့

နင်မသိနိုင်ခဲ့ငါ့အသည်းတွေလည်း

တစ်စစီပြန့်ကျဲ

ဟေးး ရေးးးး

မချစ်ရင် မချစ်ဘူးပြောခဲ့ပေါ့

သံယောဇဉ်မရှိဘူးပြောခဲ့ပေါ့

မချစ်ရင်အစတည်းကပြောပေါ့

သံယောဇဉ်မရှိဘူးပြောခဲ့ပေါ့

တစ်ခါတစ်လေလွမ်းလို့ရူးချင်တယ်

ဘယ်မှာနင့်ကိုလိုက်ရှာမလဲ

အရာရာကိုငါ့အတိတ်မေ့လိုက်ချင်တယ်

တစ်ခါတစ်လေနင့်ကိုငါမုန်းတယ်

လူတွေနင့်အကြောင်းမေးရင်လည်း

နာကျင်စွာငါခေါင်းရမ်းမိပါတယ်

မချစ်ရင်အစတည်းကပြောပေါ့

သံယောဇဉ်မရှိဘူးပြောခဲ့ပေါ့

တစ်ခါတစ်လေလွမ်းလို့ရူးချင်တယ်

လူတွေနင့်အကြောင်းမေးရင်လည်း

နာကျင်စွာငါငိုခဲ့မိပါတယ်

မချစ်ရင် မချစ်ဘူးပြောခဲ့ပေါ့

المزيد من ပုုိပုုိ

عرض الجميعlogo