ကျေနပ်ပါတော့
တေးရေး စိုင်းခမ်းလိတ်
တေးဆို ဘိုဖြူ
"
ခေါင်း မမော့ပါဘူး
ငုံဆဲပါ မင်းအလိုကျရင်
ဒီကမ္ဘာကြီးနဲ့ မကင်းသမျှရယ်
ရှောင်လို့ ထွက်မပြေးရဲတယ်
မင်းဆီမှာပဲ
ငါအမြဲရှိမယ်
ခေါင်းငုံ့ကာရယ်
"
အရှုံး မပေးပါဘူး
ဆိုခဲ့ရင် မင်းရယ်လိမ့်မယ်
ဒီလိုပဲပေါ့ ကြုံမှသိမယ်
ရီတလှည့် ငိုတလှည့် ရှိတယ်
သိစေချင်တယ်
ကျေနပ်တော့ကွယ်
အရှုံးပေးပါတယ်
ငိုသံ ဟိုတဘက်မှာ
ကြုံးဝါးသံ ဆိုတာရှိတယ်
အနိုင်မယူ သူအရှုံးရဲ့
တခြားတဘက်မှာ
အောင်မြင်ခြင်းဟာ
အစဥ်စောင့်ဆိုင်းတယ်
"
တွေး မိလေသလား
နေမင်းဟာ
အထွက်အဝင်ရှိတယ်
နေကွယ်ခဲ့ရင်
လမင်းအလင်းရောင်
ပေါ်လို့ သူစိုးမိုးမယ်
သိစေချင်တယ်
ကျေနပ်တော့ကွယ်
အရှုံးပေးပါတယ်
ကျေးဇူးတင်ပါသည် ။
"