ရာသီပြောင်းချိန်
တေးရေး စိုင်းခမ်းလိတ်
တေးဆို ဘိုဖြူ
...................
ရာသီပြောင်းချိန် မှာ
အဖော်ကွာလို့
အပြင်ရော အတွင်းရော
ဥပါဒ်ဝင်
မောင်တစ်ယောက်ထဲဘယ်လို
နေရှာမလဲ
ကြင်နာသူလေး စဥ်းစားနေရင်
ရယ်သံတိတ်ဆိတ်လို့
သက်မဲ့တဲ့ ရက်တွေမှာ
ကိုယ်တယောက် စိတ်ဖြေသာပြီ
ရင်ခုန်သံတိုးတိုးလေး
ကြားရမယ့် ရက်တွေကို
ကိုယ် စောင့်ရကျိုးနပ်ပြီ
ရွှေလက်တွဲတုန်းက
သူ့ဖဝါးနုနုရဲ့
အထိအတွေ့ကို ပြန်အောက်မေ့မိတဲ့
အခါတိုင်း
နေပူကြီးထဲမှာ
ဒီဘဝ လမ်းခရီးကို
လျှောက်လှမ်းဖို့ ခံနိုင်ရည်
စွမ်းအားနဲ့ပြည့်
ရွှေပါးပြင်အပ်တုန်းက
သူ့အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့
အခါတိုင်း
ပျော်အောင်အိပ်မရတဲ့
ဒီည ကြမ်း ခရီးကို
ဖြတ်သန်းဖို့ ခံနိုင်ရည်
စွမ်းအားနဲ့ပြည့်
.....................
ရာသီပြောင်းချိန်
တေးရေး စိုင်းခမ်းလိတ်
တေးဆို ဘိုဖြူ
.....................
နာနေ ဖျားနေရင် ဘယ်သူက
လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီး နေပါ မောင်ရယ်နော်
လူကြုံနဲ့စကားလေး ပါးလာရင်
အနေအထိုင်ဆင်းရဲလို့
စိတ်ညစ်တဲ့ရက်တွေမှာ
ကိုယ်တယောက် မွေ့လျော်သာပြီ
သူကိုယ်တိုင် တယုတယနဲ့
ပြုစုမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ
ရွှေလက်တွဲတုန်းက
ချစ်ပြုံးလှလှနဲ့
မခို့တရို့လေး ရင်ခွင်ကို
ပြေးဝင်တာတွေ
အိပ်မက်တော့မဟုတ်ဘူးရယ်
ဆိုတဲ့ အသိလေးနဲ့
နှလုံးသားမှာ ကြည်နူးမှုလေး
ကြွင်းကျန်နေ
ရွှေမျက်ရည်စို့တုန်းက
ပဝါစ,လေးနဲ့
တို့တို့ကာ ကြင်နာစွာ
ချော့မြူတာတွေ
နောက်များလဲ ရှိဦးမယ်
ဆိုတဲ့ အသိကလေးနဲ့
လွမ်းရက်မှာ မျှော်လင့်ချက်ကလေး
အသက်ရှင်နေ
....................
ရွှေလက်တွဲတုန်းက
သူ့ဖဝါးနုနုရဲ့
အထိအတွေ့ကို ပြန်အောက်မေ့မိတဲ့
အခါတိုင်း
နေပူကြီးထဲမှာ
ဒီဘဝ လမ်းခရီးကို
လျှောက်လှမ်းဖို့ ခံနိုင်ရည်
စွမ်းအားနဲ့ပြည့်
ရွှေပါးပြင်အပ်တုန်းက
သူ့အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့
အခါတိုင်း
ပျော်အောင်အိပ်မရတဲ့
ဒီည ကြမ်း ခရီးကို
ဖြတ်သန်းဖို့ ခံနိုင်ရည်
စွမ်းအားနဲ့ပြည့်
ရွှေလက်တွဲတုန်းက
ချစ်ပြုံးလှလှနဲ့
မခို့တရို့လေး ရင်ခွင်ကို
ပြေးဝင်တာတွေ
ကျေးဇူးတင်ပါသည် ။
.....................