တို့ကိုမင်းမေ့ပါစေ
ဟံသာစိုးမင်း
မင်းဂျွန်စိုး
လမ်းမှာတွေ့လည်း...သူစိမ်းတစ်ယောက်လိုတို့နေပါတော့မယ်...
မနာကျင်ပါဘူးလေကြင်နာနေဆဲအသည်းနှလုံးနဲ့လူ..
မသိသလိုခေါင်းငုံ့ကာရယ်...ရင်ထဲမှာကြိတ်လိုငိုမယ်..
ချစ်နေပေမဲ့လည်းမတူတဲ့ဘဝနှစ်ခုဝေးပြီ..ဆွေးပြီ
နောင်ခါဘဝမှ..တို့ဆုံဖို့တောင်းဆုခြွေ
ဒီဘဝအတွက်ရှိစေတော့နော်...
1မေတ္တာ နယ်ခြားဝေးပြီ..ဓနရိပ်မှာချစ်သူနေခဲ့ပါ...
ပျော်သလိုနေသွားပါ...အချိန်ဟာကုစားသွားလိမ့်မယ်
တို့ကိုမင်းမေ့ပါစေ..မြတ်ဘုရားထံတောင်းဆုခြွေမယ်..
တို့တတွေဟိုတခါတုန်းကတွဲငြိခဲ့တဲ့အချစ်သံယောဇဉ်
လည်ပြန်မကြည့်နဲ့..အတိတ်ပန်းချီကားဆေးသာပြယ်
ပြန်မတွေးနဲ့ရှိစေတော့နော်
တို့..ဝေးတဲ့အချိန်မှာတောင်ချစ်သူကိုလည်း....
နူတ်ဆက်စကားတောင်..ပြောခွင့်မရှိပြီ
အချစ်ဆိုသည်ကပေးဆပ်ခြင်းလို့...တို့လေနားလည်ပြီ
ဒီဘဝတသက်လွမ်းနေတော့မယ်..
မမေ့နိုင်ရင်လည်း..ကြိုးစားပြီမေ့ပါအချစ်ဆုံးရယ်
ဒီလိုပါပဲ လေ..ကမ်ဘာမှာချစ်တိုင်းမညားခဲ့ကြတဲ့
တို့လိုချစ်ကြသူတွေ..တို့လိုအသည်းကွဲမှာပါ
ချစ်နေပေမဲ့လည်းတခါကတို့အတိတ်အဆုံးတိုင်ဝေးပြီ
ကိုယ်ဆီအလွမ်းနဲ့..တို့ဘဝချင်းစည်းခြားနေ...
ဒီဘဝတော့တို့ကိုမေ့ပါ....
မေတ္တာနယ်ခြားဝေးပြီဓနရိပ်မှာချစ်သူနေခဲ့ပါ...
ပျော်သလိုနေသွားပါ...အချိန်ဟာကုစားသွားလိမ့်မယ်
တို့ကိုမင်းမေ့ပါစေ..မြတ်ဘုရားထံတောင်းဆုခြွေမယ်..
တို့တတွေဟိုတခါတုန်းကတွဲငြိခဲ့တဲ့အချစ်သံယောဇဉ်
လည်ပြန်မကြည့်နဲ့..အတိတ်ပန်းချီကားဆေးသာပြယ်
ပြန်မတွေးနဲ့ရှိစေတော့နော်
တို့..ဝေးတဲ့အချိန်မှာတောင်ချစ်သူကိုလည်း....
နူတ်ဆက်စကားတောင်..ပြောခွင့်မရှိပြီ
အချစ်ဆိုသည်ကပေးဆပ်ခြင်းလို့...တို့လေနားလည်းပြီ..