ချစ်ဒုက္ခနေ့စွဲများ
တေးရေး- ပိုင်သ
တေးဆို- မင်းအောင်
1 လူ့သမိုင်းကြောင်း
ကမ္ဘာဦးအစမှာ
ဖြစ်တည်ဆဲ...
ကိုအာဒံ မဧဝနဲ့
ဗြဟ္မာတွေ မြေသင်းစားလို့
ထူးဆန်းတဲ့ အချစ် ဖြစ်ပေါ်သည်
2 ချစ်နှလုံးသား
မကုန်ဆုံးသေးတဲ့
ကျွန်တော့်မှာလည်း
မြင်ရုံပင် ရင်ထဲနွေးလို့
မယုံနိုင်စရာ အသည်းလေးကြောင့်
ချစ်ခဲ့ရတစ်သက် အခက်ပွေလီ
1 ငိုရင် ပုလဲလုံးလေးများ
မြင်နိုင်သည်..
ရယ်ရင် ရွဲလုံးလေးတွေ
တွေ့ပါမည်..
စီမံလာ ကံအကြောင်းများကြောင့်
အကြင်နာတွေ ပျောက်ဆုံးခဲ့သမျှ
လွမ်းချင်းလေး
ကျွန်တော် ရေးမိပါသည်...
2 မပြေလည်သူ ချစ်ဒုက္ခကြောင့်
ငိုချင်သည်
ကြင်နာသူ ဝေးဝေးသွားတော့
လွမ်းပါမည်
သူငါအတူ ချစ်ခရီးဝဲထဲ
ဘယ်သူတွေဘာပြော ပြောစေ
အလွမ်းသီချင်းလေး
ကျွန်တော်အမြဲ ဆက်ဆိုမည်
2 လူ့သမိုင်းကြောင်း
ကမ္ဘာဦးအစမှာ
ဖြစ်တည်ဆဲ...
ကိုအာဒံ မဧဝနဲ့
ဗြဟ္မာတွေ မြေသင်းစားလို့
ထူးဆန်းတဲ့ အချစ် ဖြစ်ပေါ်သည်
1 ချစ်နှလုံးသား
မကုန်ဆုံးသေးတဲ့
ကျွန်တော့်မှာလည်း
မြင်ရုံပင် ရင်ထဲနွေးလို့
မယုံနိုင်စရာ အသည်းလေးကြောင့်
ချစ်ခဲ့ရတစ်သက် အခက်ပွေလီ
2 ငိုရင် ပုလဲလုံးလေးများ
မြင်နိုင်သည်..
ရယ်ရင် ရွဲလုံးလေးတွေ
တွေ့ပါမည်..
စီမံလာ ကံအကြောင်းများကြောင့်
အကြင်နာတွေ ပျောက်ဆုံးခဲ့သမျှ
လွမ်းချင်းလေး
ကျွန်တော် ရေးမိပါသည်...
1 မပြေလည်သူ ချစ်ဒုက္ခကြောင့်
ငိုချင်သည်
ကြင်နာသူ ဝေးဝေးသွားတော့
လွမ်းပါမည်
သူငါအတူ ချစ်ခရီးဝဲထဲ
ဘယ်သူတွေဘာပြော ပြောစေ
အလွမ်းသီချင်းလေး
ကျွန်တော်အမြဲ ဆက်ဆိုမည်
ကျေးဇူးတင်ပါသည်