huatong
huatong
avatar

ရေခဲရိုက်အပြုံး Yay Khae Yite A Pyone

မိစန္ဒီhuatong
porter1510huatong
الكلمات
التسجيلات
Piano

....

အနာမကျက်သေးပါ အခုထက်ထိငါ

အိပ်မက်များထဲ ခဏခဏမင်းအကြောင်းတွေပဲ

ရင်မှာမင်းအသံ

မင်းအငွေ့အသက်တွေ

ခံစားလို့ရတုန်း

မင်းအနား ရောက်နေသလို….

ရင်ခုန်စရာအနမ်းတွေ

ရင်ခုန်စွာမျှဝေ ခြင်းများလည်း

အို အကြိမ်ကြိမ်မရှိခဲ့

အနေတွေသိပ် မနီးလည်း

ဒီသံယောဇဉ်

မသိစိတ်က ခိုင်မာစွာတည်ဆောက်ခဲ့

ငါယုံကြည်မိပါတယ် မသေချာလည်း

ငါအခါတစ်ရာလွမ်းရင်

မင်းတစ်ခေါက်လောက် သတိရမယ်လို့

အို မထင်မှတ်ပဲ အပြင်မှာဆုံလေတိုင်း

ငါသေချင်မိတယ်

ဘာမှမဖြစ်ခဲ့သလိုမျိုး

နင်ပြုံးပြနေလို့ အိုး ဟို..

နင်ပြုံးပြနေလို့  ဟိုး

ဟန်ဆောင်ပြီးကွာ

အပျော်ကစားခဲ့ခြင်းလား

ဒါမှမဟုတ် ခဏအရူးထချစ်ခဲ့သလား

တဒင်္ဂပေးတဲ့ ချစ်ခြင်းနဲ့အယုအယတွေ

ထင်နေတုန်းပဲ ဒါအမှန်လို့ မဟုတ်ခဲ့ပေမယ့်

ရင်ခုန်စရာနေ့တွေ

ရင်ခုန်စရာအဖြစ်တွေ

အိုး အမှတ်တရများ အလွန်နည်းလည်း

ဘယ်လိုတွေနင်လုပ်လဲ

တကယ်တော်လွန်းတယ်

မလွတ်မြောက်ခဲ့ အလူးအလဲ ဒဏ်ရာများနဲ့

ငါယုံကြည်မိပါတယ် မသေချာလည်း

ငါအခါတစ်ရာလွမ်းရင်

မင်းတစ်ခေါက်လောက် သတိရမယ်လို့

အို မထင်မှတ်ပဲ အပြင်မှာဆုံလေတိုင်း

ငါသေချင်မိတယ်

ဘာမှမဖြစ်ခဲ့သလိုမျိုး

နင်ပြုံးပြနေလို့ အိုး ဟို..

နင်ပြုံးပြနေလို့ ဟိုး ..

...

Solo Instrumental

...

သတင်းတွေ ကြားမိပါတယ်

ဟိုလူဒီလူဆီက တစ်ချက်ချက်

တောင်စောင်းမှာ ရပ်နေရသလို

နင့်အကြောင်းကြားရင် ရင်တွေတလှပ်လှပ်

ပျော်စရာတွေလုံးဝနည်းလာ

နင်နဲ့ပြတ်ခဲ့ ပြီးနောက်ရက်ဆက်

ဒီအလွမ်းတွေငါ့ကိုသတ်နေတယ်

ငါနင့်ဆီဖုန်းတွေ ဆက်ချင်လည်း

မလုပ်နဲ့ မိစန္ဒီ

နင်ဒီလောက်ထိ အရှက်တွေမမဲ့နဲ့

ငါ့အသည်းလည်း မရှိတော့ဘူး

ဖွာလန်ကြဲလို့ အက်နေခဲ့တယ်

ဘယ်လို feeling ထည့်ခဲ့လဲ

နင်အိုက်တင် အရမ်းကိုပီပြင်ခဲ့

အကယ်ဒမီ ဆုအဖြစ်ပေးမယ်

နှလုံးသားယူသွား ရင်ကိုခွဲ

ငါနင့်ကိုမုန်းတယ်

နင်ငါနဲ့တွေ့ရင် မပြုံးနဲ့

ဒီအပြုံးတွေ သိမ်းပိုက်ခဲ့တာ

ငါပိုင်ဆိုင်ထားသမျှ အကုန်လုံးပဲ

နင်ကဘီလူးခေါင်းနဲ့ မင်းသားမဟုတ်ဘူး

ဒီထက်ဆိုးတယ်

မင်းသားခေါင်းဆောင်းထားတဲ့

ဘီလူးကြီးသတ်ချင်လောက်အောင် မုန်းတယ်

ငါနင့်ကိုမုန်းမှာပေါ့

အခုထိမေ့လို့မှမရတာကို

ငါနင့်ကိုမုန်းမှာပေါ့

အခုထိချစ်လို့မှမ၀တာကို

ငါနင့်ကိုမုန်းမှာပေါ့

နှလုံးသားကတောင့်တသေးတာမို့

ငါနင့်ကိုမုန်းမှာပေါ့ နင်ငါ့ဘက်

တစ်ချက်မှမတွေးတာမို့

ရေခဲရိုက်ထားတဲ့ မျက်နှာထားနဲ့

အေးစက်စက်အပြုံး

နောင်တနဲ့ ထောင်ကျခဲ့

ငါ့အဖြစ်ကဆိုး

အရမ်းကြောက်သွားတယ်

ချောက်ခြားဖွယ် မင်းအတ္တတို့

ရှောင်ရှားကွယ် မြင်ကွင်းထဲ

ဘယ်တော့မှပေါ်မလာဖို့

....

ငါယုံကြည်မိပါတယ် မသေချာလည်း

ငါအခါတစ်ရာလွမ်းရင်

မင်းတစ်ခေါက်လောက်သတိရမယ်လို့

အို မထင်မှတ်ပဲ အပြင်မှာဆုံလေတိုင်း

ငါသေချင်မိတယ်

ဘာမှမဖြစ်ခဲ့သလိုမျိုး

နင်ပြုံးပြနေလို့ အိုး ဟို..

နင်ပြုံးပြနေလို့ ဟိုး....

...

Solo Ending

...

Thank You

المزيد من မိစန္ဒီ

عرض الجميعlogo