ဘာလိုနေသေးလဲ
ဒီနေ့နဲ့မနက်ဖြန်အတွက်
သင်ဘာတွေလုပ်ဖို့ တွေးထားလဲ
ပိုင်ဆိုင်ထားတဲ့ဘဝကို မွမ်းမံတည်ဆောက်မယ်
ဘယ်လိုအကောင်းဆုံးအသက်ဆက်မလဲ
လိုအင်တွေပြည့်ဖို့ ကြိုးစားရင်း
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ပျောက်ကွယ်
ဘဝခရီးအလယ်
လူတန်းစေ့မယ့်တစ်နေ့အတွက်
သင်အပတ်တကုပ်ကြိုးစားရင်း
တဖြည်းဖြည်းဝေးသွားခဲ့
ကန္တာကိုဖြတ်စဉ်က အတူရှိနေခဲ့
ရေဆာချိန်ကမ်းခဲ့သော လက်များကို
မေ့ကျန်ခဲ့
သင်ဘာအဖတ်တင်လဲ ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ
မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ
အဖြေဟာထွက်မလာခဲ့ အရာရာအဓိပ္ပါယ်မဲ့
ခန္ဓာအလိုပြည့်ခဲ့တောင် ဘဝကခြောက်ကပ်ကပ်
မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ
သင်ချစ်သောသူများအတွက်လည်း
သင်ဘာတွေ စဉ်းစားပေးထားလဲ
ရွှေငွေများမှမဟုတ်ပါ
အဖိုးတန်ဆိုတိုင်းရယ်
နိုင်ရာဝန်ထမ်းပေးရင်း ဝေမျှ
ထူပါသူလဲကျတဲ့ အခိုက်မှာ
ကမ္ဘာမှာတန်ဖိုးကြီးဆုံးအရာ
မေတ္တာမဟုတ်ဘူးလား
လူတန်းစေ့မယ့်တစ်နေ့အတွက်
သင်အပတ်တကုပ်ကြိုးစားရင်း
မမေ့ပစ်ခဲ့လိုက်နဲ့
ကန္တာကိုဖြတ်စဉ်က အတူရှိနေခဲ့
ရေဆာချိန်ကမ်းခဲ့သော လက်များကို
တွဲခေါ်ခဲ့
သင်ဘာအဖတ်တင်လဲ ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ
မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ
အဖြေဟာထွက်မလာခဲ့ အရာရာအဓိပ္ပါယ်မဲ့
ခန္ဓာအလိုပြည့်ခဲ့တောင် ဘဝကခြောက်ကပ်ကပ်
မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ
သင်ဘာအဖတ်တင်လဲ ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ
မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ
အဖြေဟာထွက်မလာခဲ့ အရာရာအဓိပ္ပါယ်မဲ့
ခန္ဓာအလိုပြည့်ခဲ့တောင် ဘဝကခြောက်ကပ်ကပ်
မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ
မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ