huatong
huatong
avatar

နှစ်ယောက်တည်းကမ္ဘာ

ရဲရင့်အောင်huatong
yockeysolanhuatong
الكلمات
التسجيلات
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ

ချစ်လို့မ၀ပါ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်

ငြိမ်းချမ်းရင်းသာ နှစ်ယောက်တည်းကမ္ဘာ

အတူတူအနားမှာ မင်းလေးရှိတဲ့အချိန်

ပီတိများနဲ့ ရင်တွေခုန်

ပူပင်မှုတွေနဲ့ ဘ၀ရဲ့အမောများဝေး

ကမ္ဘာကြီးဟာ ပြည့်စုံ

ဂစ်တာလေးကို မင်းအနားတီးခတ်စဉ်

ကိုယ်ကသီချင်းများ ဆိုမယ်လေ

ပုံပြင်အသစ်တွေနဲ့ မင်းကချော့သိပ်တော့

အိပ်မက်တွေလှနေ

မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ

ချစ်လို့မ၀ပါ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်

ငြိမ်းချမ်းရင်းသာ နှစ်ယောက်တည်းကမ္ဘာ

တည်ဆောက်ခြင်းတွေဟာ ခဲယဉ်းလည်းကွယ်

အကုန်ပျက်စီးဖို့ မလွယ်ကူတယ်

ဘယ်သူကြားဝင်ဝင် အမြဲတမ်းသတိနဲ့

နှစ်ယောက်သား တို့နားလည်

ဗိုလ်ခြေတစ်သောင်းမလိုပါ

မင်းတစ်ယောက်တည်းနဲ့တင်

အန္တရာယ်အားလုံး လုံခြုံလို့နေ

ကိုယ်တို့ဝေးချိန်တွေ

နည်းသထက်နည်းသွားဖို့

မကြာခဏဆုံပါရစေ

မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ

ချစ်လို့မ၀ပါ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်

ငြိမ်းချမ်းရင်းသာ နှစ်ယောက်တည်းကမ္ဘာ

ဗိုလ်ခြေတစ်သောင်းမလိုပါ

မင်းတစ်ယောက်တည်းနဲ့တင်

အန္တရာယ်အားလုံး လုံခြုံလို့နေ

ကိုယ်တို့ဝေးချိန်တွေ

နည်းသထက်နည်းသွားဖို့

မကြာခဏဆုံပါရစေ

မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ

ချစ်လို့မ၀ပါ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်

ငြိမ်းချမ်းရင်းသာ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ

ချစ်လို့မ၀ပါ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်

ငြိမ်းချမ်းရင်းသာ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ

ချစ်လို့မ၀ပါ

နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်

ငြိမ်းချမ်းရင်းသာ

နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘ၀မှာ

ချစ်လို့မ၀ပါ နှစ်ယောက်တည်းကမ္ဘာ

မင်းရှိခဲ့ရင် ဒါဟာပျော်စရာလောကနိဗ္ဗာန်

ငြိမ်းချမ်းရင်းသာ နှစ်ယောက်တည်းကမ္ဘာ

المزيد من ရဲရင့်အောင်

عرض الجميعlogo