huatong
huatong
avatar

နေရာဟောင်းမှာ(Female Version)

ဝိုင်းလေးhuatong
AyeKyaw(UOo)huatong
الكلمات
التسجيلات
နေရာဟောင်းမှာ(Female Version)

ဝိုင်းလေး

ဟေမာန် ဆောင်းဦးကို

တေးညီးဆို ကြိုမယ့် ငှက်ငယ်ကလေးရယ်

ဘယ်ဌာနေမှာ မင်းမှေးစက်

နေပျော် နေသလဲကွယ်

သင်ပြန်လာမယ့် လမ်းကြောင်းတစ်လျှောက်

အစဉ်ပဲစောင့် မျှော်မိတယ်

နေရာဟောင်း လေးမှာ

ပြန်လည်ဆုံဆည်း ကြစို့ကွယ်

သင်ခိုနားရင်းနဲ့ ချွေးသိပ်ဖြေနေခဲ့

ဖြစ်စဉ်လေးမှာ

သည်ရင်ခွင်ကို မင်းမေ့ရက်

နေနိုင်တယ် လားကွယ်

အတူနေစဉ်မှာ ထားခဲ့ကတိတွေ

အလွယ်ဆုံး မမေ့နိုင်သေးရင်

နေရာဟောင်း လေးမှာ

ပြန်လည်ဆုံဆည်း ကြစို့ကွယ်

အသည်းအိမ်ထဲ စွဲစေတဲ့ အသံ

ဝေးနေလည်း ကြားယောင်တယ်

အမြဲတမ်း မိတ်ဆွေရယ်

ဆောင်းမှာလည်း ရောက်မလာခဲ့သူ

မိုးမှာလည်း မတွေ့နိုင်တယ်

ခရီးသွားငှက်ငယ်ရေ

Music

သည်နွေကူးပြောင်းရင် အလွမ်းစိတ်ဖြေ

ပြေမယ့်မင်းကိုယ်စားကို

ဘယ်ရာသီမှာ ရုန်းထွက်လို့

စေနိုင်မှာလဲလေ

နေနေနိုင်တဲ့ ဘဝသစ်မှာ

အဆင်သင့်မဖြစ် နိုင်ခဲ့ရင်

နေရာဟောင်း လေးမှာ

ပြန်လည်ဆုံဆည်း ကြစို့ကွယ်

အသည်းအိမ်ထဲ စွဲစေတဲ့ အသံ

ဝေးနေလည်း ကြားယောင်တယ်

အမြဲတမ်း မိတ်ဆွေရယ်

ဆောင်းမှာလည်း ရောက်မလာခဲ့သူ

မိုးမှာလည်း မတွေ့နိုင်တယ်

ခရီးသွားငှက်ငယ်ရေ

သင်ခိုနားရင်းနဲ့ချွေးသိပ်ဖြေနေခဲ့

ဖြစ်စဉ်လေးမှာ

သည်ရင်ခွင်ကို မင်းမေ့ရက်

နေနိုင်တယ် လားကွယ်

အတူနေစဉ်မှာ ထားခဲ့ကတိတွေ

အလွယ်ဆုံး မမေ့နိုင်သေးရင်

နေရာဟောင်း လေးမှာ

ပြန်လည်ဆုံဆည်း ကြစို့ကွယ်

By AyeKyaw greentiger

المزيد من ဝိုင်းလေး

عرض الجميعlogo