သီချင်း - အလှမ်းဝေးတဲ့ ပန်းကလေး
တေးဆို - Thar Thar
ချိုသာတဲ့ အပြုံးလေးနဲ့
လူကိုမထိတထိမျက်စောင်းလေးရယ်
မခံနိုင်ဘူးကျရှုံးသွားတယ်
ကောင်မလေးမပြုံးလိုက်ပါနဲ့
ဒီမောင်အသည်း နုလွန်းတယ်
ကြွေအောင်လဲ မပြုစားနဲ့
မကြင်နာလို့ ရင်ကွဲမယ်
မမှီတဲ့ပန်း ငါလှမ်းရွယ်
မတတ်နိုင်ဘူး ငါချစ်မိသွားတယ်
သူရက်စက်လဲ သေပေးလို့ရတယ်
ဘာလုပ်ရမလဲ အိုမိန်းကလေးရယ်
ဘဝတွေလဲ မတူတာနားလည်
ပန်းကလေးကို မချွေရက်ဘူးကွယ်
ပန်းကလေးကို မချူရက်ဘူးကွယ်
မရီပါနဲ့ မိန်းကလေးရယ်
လူကိုမထိတထိ စကားလုံးများရယ်
မခံနိုင်ဘူး ကျရှုံးသွားတယ်
ကောင်မလေး နှုတ်ခမ်းဖျားတွေထဲ
ဒီမောင်အသည်း နုလွန်းတယ်
ကြွေအောင်လဲ မပြုစားနဲ့
မကြင်နာလို့ ရင်ကွဲမယ်
မမှီတဲ့ပန်း ငါလှမ်းရွယ်
မတတ်နိုင်ဘူး ငါချစ်မိသွားတယ်
သူရက်စက်လဲ သေပေးလို့ရတယ်
ဘာလုပ်ရမလဲ အိုမိန်းကလေးရယ်
ဘဝတွေလဲ မတူတာနားလည်
ပန်းကလေးကို မချွေရက်ဘူးကွယ်
ပန်းကလေးကို မချူရက်ဘူးကွယ်
မတတ်နိုင်ဘူး ငါချစ်မိသွားတယ်
သူရက်စက်လဲ သေပေးလို့ရတယ်
ဘာလုပ်ရမလဲ အိုမိန်းကလေးရယ်
ဘဝတွေလဲ မတူတာနားလည်
ပန်းကလေးကို မချွေရက်ဘူးကွယ်
ပန်းကလေးကို မချူရက်ဘူးကွယ်