huatong
huatong
avatar

စိန်နားကပ်ကြီးပန်ရမလို

သူဇာအောင်huatong
💃🇲🇲💃minKhent💃🇲🇲💃huatong
الكلمات
التسجيلات
Lyrics

စိန်နားကပ်ကြီးပန်ရမလို

ရေး / ကိုမြတ်လင်း

ဆို / သူဇာအောင်

အကြွားကဖြင့်ပို

စကားကမြင့်မိုရ်

ကတိတွေ ပေးထားတာလဲ

လွန်နေပြီရှင့် . အစ်ကို

တစ်နေ့ရွှေ တစ်နေ့ငွေ

တွေ့တဲ့အခါတိုင်း သူဆို

နောက်ကွယ် ကျရင်

မေ့လို့နေတဲ့ ကိုလူပျို

ဘဝင်မကျလို့

ကျမရင်က . ဖို

အရင်လို မဟုတ်သူ

မောင့်ကို

ကြည့်ရတာ

ခြေလှမ်းပျက်သလို

မကြိုက်တာ တွေ့ရင်

ပြောရလိမ့်မယ်

မညှာဘူးအစ်ကို ...။

အကြွားကဖြင့်ပို

စကားကမြင့်မိုရ်

ကတိတွေ ပေးထားတာလဲ

လွန်နေပြီရှင့် . အစ်ကို

တစ်နေ့ရွှေ တစ်နေ့ငွေ

တွေ့တဲ့အခါတိုင်း သူဆို

နောက်ကွယ် ကျရင်

မေ့လို့နေတဲ့ ကိုလူပျို

ဘဝင်မကျလို့

ကျမရင်က . ဖို

အရင်လို မဟုတ်သူ

မောင့်ကို

ကြည့်ရတာ

ခြေလှမ်းပျက်သလို

မကြိုက်တာ တွေ့ရင်

ပြောရလိမ့်မယ်

မညှာဘူးအစ်ကို ...။

ကျမအဖို့ မောင့်တစ်မျက်နှာ

ကမ္ဘာကြီး တစ်ခုလို

အချစ်ပိုလို့သာ

အပြစ်ဆိုတဲ့အခါ

သူက မနာတတ်သလို

ကျမအဖို့ မောင့်တစ်မျက်နှာ

ကမ္ဘာကြီး တစ်ခုလို

အချစ်ပိုလို့သာ

အပြစ်ဆိုတဲ့အခါ

သူက မနာတတ်သလို

ရယ်ရယ်မောမော

မောင့်မျက်နှာချို

စကားအလှတွေက ဆန်း

မစားရ ဝ ခမန်း ..

ညွှန်းတမ်းလေး တွေနဲ့

မေတ္တာတွေပို မေတ္တာတွေပို

•••

ဒီလိုဆိုရင်.တကယ်ပဲ

မချစ်ချင်တော့ဘူး အစ်ကို

အိမ်တစ်ဆောင်

မီးတစ်ပြောင်

ထားဦး မတဲ့ သူဆို

ကျမ ဘဝင်ခိုက်အောင်

ပြော .. လိုက်ရင်ဖြင့်

စိန်နားကပ်ကြီး ပန်ရမလို

စိန်နားကပ်ကြီး ပန်ရမလို ...။

အူ ဘယ်နှစ်ခွေ

မောင့်ဝမ်းထဲမှာ ရှိတာလဲ

ပါးစပ် ဟ ယုံနဲ့

သိထားပြီးပြီ ဆိုရင်

ယုံမလား အစ်ကို

ရာမဇာတ်ထဲက ဒဿမင်းလို

ခေါင်းဆယ်လုံးနဲ့

မျက်နှာများ .. မယ်လို့

ကြံနေသလား အစ်ကို

ကြံနေသလား အစ်ကို

မောင့်ကို သိပါတယ်ဆို

လိမ်ညာပြီးတော့

တကယ့်ကိုလှိမ့်ဦးမလို

အူ ဘယ်နှစ်ခွေ

မောင့်ဝမ်းထဲမှာ ရှိတာလဲ

ပါးစပ် ဟ ယုံနဲ့

သိထားပြီးပြီ ဆိုရင်

ယုံမလား အစ်ကို

ရာမဇာတ်ထဲက ဒဿမင်းလို

ခေါင်းဆယ်လုံးနဲ့

မျက်နှာများ .. မယ်လို့

ကြံနေသလား အစ်ကို

ကြံနေသလား အစ်ကို

မောင့်ကို သိပါတယ်ဆို

လိမ်ညာပြီးတော့

တကယ့်ကိုလှိမ့်ဦးမလို

ကျမအဖို့ မောင့်တစ်မျက်နှာ

ကမ္ဘာကြီး တစ်ခုလို

အချစ်ပိုလို့သာ

အပြစ်ဆိုတဲ့အခါ

သူက မနာတတ်သလို

ကျမအဖို့ မောင့်တစ်မျက်နှာ

ကမ္ဘာကြီး တစ်ခုလို

အချစ်ပိုလို့သာ

အပြစ်ဆိုတဲ့အခါ

သူက မနာတတ်သလို

ခုတော့ ခြေလှမ်းတွေ

များနေသူကို

ဟိုမှာ ဒီမှာ တွေ့တဲ့သူက

တွေ့နေ သလိုလို ..

မိန်းကလေးတစ်ယောက်နဲ့

တွဲ .. လို့တဲ့

မေ့အပြင် တစ်မျိုး ချစ်ရမဲ့သူ

တွေ့များနေပလား ... ဆို ..

ဒီလိုဆိုရင်တကယ်ပဲ

မချစ်ချင်တော့ဘူး အစ်ကို

အိမ်တစ်ဆောင် မီးတစ်ပြောင်

ထားဦး မတဲ့ သူဆို

ကျမ ဘဝင်ခိုက်အောင်

ပြော .. လိုက်ရင်ဖြင့်

စိန်နားကပ်ကြီး ပန်ရမလို

စိန်နားကပ်ကြီး ပန်ရမလို ...။

ပြီးပါပြီ

MinKhent

المزيد من သူဇာအောင်

عرض الجميعlogo