huatong
huatong
avatar

မယ်တင်

ဟန်ထူးလွင်huatong
LaYakeKhohuatong
الكلمات
التسجيلات
မယ်တင်

ဆို - ဟန်ထူးလွင်

အရင်လိုပါပဲ ဖုန်တွေကြားထဲ

ယိုင်တိုင်တိုင်လှည်းကြီး မောင်းရင်းနဲ့

အရင်လိုပါပဲ အသံကြောင်တတ်တဲ့

မယ်ဒလင်လက်သံစမ်းနေခဲ့

အရင်လိုပါပဲ ချဉ်ပေါင်ဟင်းနဲ့

ကြုံရာငါပစ်ထည့်ဝါးရင်းနဲ့

အဆင်ပြေရင်လည်း တွေးနေရင်းနဲ့

မယ်တင် ငါ နင့်ကိုလွမ်းပါရဲ့

ရောင်နီလာမယ့်မိုးသောက်တိုင်း

မှာလွမ်းတယ်

နေညိုရင်လည်းထန်းတောထဲက လွမ်းတယ်

တောင်ပေါ်တက်ရင်းဖက်ခုတ်ရင်း

ငါလွမ်းတယ်

မယ်တင်နင်လည်း ငါ့ကိုမမေ့ပါနဲ့

အရင်လိုပါပဲ အိမ်ခေါင်မိုးလည်း

ကြယ်ရောင်စုံလင်းလက်တောက်ပဆဲ

အိမ်ပေါ်မှာလည်း ငါခေါ်တင်ထားတဲ့

ပိန်ညောင်ညောင်ခွေးတစ်ကောင် ရောက်နေတယ်

မရည်ရွယ်ပါပဲ ပေါင်ဖြစ်သွားတဲ့

နင်မှန်မှန်ချက်တဲ့ထမင်းအိုးလည်း

အဆင်ပြေမှပဲ ငါပြန်ရွေးမယ်

မယ်တင်နင်ငါ့ကို စိတ်မကုန်နဲ့

ဆီကုန်နေတဲ့မီးခွက်ကြီးက လွမ်းတယ်

ယောင်ချာချာနဲ့ဝက်မကြီးလည်း လွမ်းတယ်

ဖုန်တင်နေတဲ့ကျောက်ပျဉ်ကြီးက လွမ်းမယ်

မယ်တင်ငါလည်း နင့်ကိုလွမ်းပါရဲ့

ဒီလိုနဲ့ပဲ ရွာမှာရှိတဲ့

လူတွေကမေးငေါ့ နှာခေါင်းရှုံ့ခဲ့

နင်ပြန်လာမှ အကုန်လိုက်တောင်းမယ့်

ငါယူတဲ့အကြွေးတွေ ဝိုင်းနေတယ်

အရင်လိုပါပဲ ရွာအဝင်လမ်းထဲ

ငါမှိုင်တွေငေးမောရင်းနဲ့ပဲ

အဆင်ပြေရင်တော့ ငါသိပ်လွမ်းလို့

အိမ်အပြန်နင့်ကိုတွေ့ချင်ရဲ့

လူတွေကလည်း

အကြွေးတောင်းရအောင် လွမ်းမယ်

ဗီဒီယိုရုံကဦးတုတ်ကြီးလည်း လွမ်းမယ်

ရွာသူတွေလည်း

အတင်းပြောရအောင် လွမ်းမယ်

မယ်တင်ငါလည်းနင့်ကို လွမ်းပါရဲ့

ဆီကုန်နေတဲ့မီးခွက်ကြီးက လွမ်းတယ်

ယောင်ချာချာနဲ့ဝက်မကြီးလည်း လွမ်းတယ်

ဖုန်တင်နေတဲ့ကျောက်ပျဉ်ကြီးက လွမ်းတယ်

မယ်တင်ငါလည်း နင့်ကိုလွမ်းပါရဲ့

المزيد من ဟန်ထူးလွင်

عرض الجميعlogo