အတိတ်ရင်ခွင်
ဟန်ထွန်း
...............
ဟိုး အတိတ်မြူဖုံးထား အတွေးများထဲ
ငါတို့နှစ်ယောက်ရဲ့အကြောင်းများ
စဉ်းစားရင်း အသိတွေဝေဝါးခဲ့ ..
အို ငါ့အရိပ်တွေ ငါ့စိတ်တွေ
လေပြေတွေလို လွင့်ပါးရင်းနဲ့
စိတ်ကူးလေးများထဲ မှေးစက်ခဲ့
မင်းရင်ခွင်ထဲ ...
...............
ဟိုး မိုးသားထဲ
နင့်အပြုံးလေးများ လူးလွန့်ခဲ့
ဒီရင်ခွင်ဟာရုတ်တရက်ပေါ့
တုန်ခါနေရင်း
အာရုံမှာလေ ဟိုးအတိတ်တို့
ပြန်လည်မြင်ယောင်ရင်း
စိတ်ကူးများထဲမှေးစက်ခဲ့
မင်းရင်ခွင်ထဲ ....
...............
တစ်ယောက်ထဲငါ့မှာ
နင့်အကြောင်းများ
ပြန်တွေးကာ ဒီအမြင်တွေဟာ
မှုန်သွားတဲ့ခဏ
စိတ်ကူးလေးများထဲ မှေးစက်ခဲ့
မင်းရင်ခွင်ထဲ ..
.............
ဟိုး မိုးသားထဲ
နင့်အပြုံးလေးများ လူးလွန့်ခဲ့
ဒီရင်ခွင်ဟာရုတ်တရက်ပေါ့
တုန်ခါနေရင်း
အာရုံမှာလေ ဟိုးအတိတ်တို့
ပြန်လည်မြင်ယောင်ရင်း
စိတ်ကူးများထဲမှေးစက်ခဲ့
မင်းရင်ခွင်လေးထဲ
.................
ဟိုး မိုးသားထဲ
နင့်အပြုံးလေးများ လူးလွန့်ခဲ့
ဒီရင်ခွင်ဟာရုတ်တရက်ပေါ့
တုန်ခါနေရင်း
အာရုံမှာလေ ဟိုးအတိတ်တို့
ပြန်လည်မြင်ယောင်ရင်း
စိတ်ကူးများထဲမှေးစက်ခဲ့
မင်းရင်ခွင်လေးထဲ
...................
အော် စိတ်ကူးများထဲမှေးစက်ခဲ့
မင်းရင်ခွင်ထဲ
... .....Thank .....