ဆုံးရှုံးခြင်းသာ ရရှိခဲ့ပြီ 
ဒါကိုအမှားအယွင်းတစ်ခုလို 
မထင်ခြင်ပါ 
လမ်းဟောင်းလေးမှာ 
နှစ်လုံးသားတစ်ခုရဲ့ 
တီးတိုးငိုသံ ကြားနိုင်မလား 
အိပ်မက်တစ်ခုဟာပြီးဆုံးခဲ့ပြီ 
လောင်မြိုက်ခြင်းဖြင့် 
ဘ၀ကိုဆုံးသတ်မသွားပါ 
ဆုံနိုင်ခွင့်ရှိလည်း 
ဆုံချင်သေးပါရဲ့ 
ဒီလမ်းလေးပေါ်မှာ 
ရုန်းမထွက်ချင်တော့ပါ 
စွဲလမ်းခြင်းကိုမြတ်နိုးစွာ 
ဆိတ်ငြိမ်စွာခံစားရင်း 
ဘ၀ကိုကျေနပ်ရမှာပါ 
ဘာကိုမျှော်လင့်လို့ 
ဆုပ်ကိုင်ထားရမလဲ 
တစ်ယောက်တည်း 
အထီးကျန်နေပြီပဲ 
ဘာကိုမကျေနပ်လို့ 
ဟစ်အော်နိုင်ဦးမလဲ 
စကားတွေရှာလဲမရနိုင်ခဲ့ 
ဘယ်ကိုထွက်ပြေးလို့ 
လွတ်မြောက်ခြင်းရှိမယ် 
နှောင်ကြိုးများကို မဖြေနိုင်ခဲ့ 
ငါဟာသေဆုံးသော 
ရွက်ကြွေတွေဘ၀လို 
လမ်းဟောင်းလေးပေါ်မှာ 
ကြွေနေပါစေတော့ ရှုံးပြီးသား 
ဆုံးရှုံးခြင်းသာ ရရှိခဲ့ပြီ 
ဒါကိုအမှားအယွင်းတစ်ခုလို 
မထင်ခြင်ပါ 
လမ်းဟောင်းလေးမှာ 
နှစ်လုံးသားတစ်ခုရဲ့ 
တီးတိုးငိုသံ ကြားနိုင်မလား 
အိပ်မက်တစ်ခုဟာပြီးဆုံးခဲ့ပြီ 
လောင်မြိုက်ခြင်းဖြင့် 
ဘ၀ကိုဆုံးသတ်မသွားပါ 
ဆုံနိုင်ခွင့်ရှိလည်း 
ဆုံချင်သေးပါရဲ့ 
ဒီလမ်းလေးပေါ်မှာ 
ရုန်းမထွက်ချင်တော့ပါ 
စွဲလမ်းခြင်းကိုမြတ်နိုးစွာ 
ဆိတ်ငြိမ်စွာခံစားရင်း 
ဘ၀ကိုကျေနပ်ရမှာပါ 
ဘာကိုမျှော်လင့်လို့ 
ဆုပ်ကိုင်ထားရမလဲ 
တစ်ယောက်တည်း 
အထီးကျန်နေပြီပဲ 
ဘာကိုမကျေနပ်လို့ 
ဟစ်အော်နိုင်ဦးမလဲ 
စကားတွေရှာလဲမရနိုင်ခဲ့ 
ဘယ်ကိုထွက်ပြေးလို့ 
လွတ်မြောက်ခြင်းရှိမယ် 
နှောင်ကြိုးများကို မဖြေနိုင်ခဲ့ 
ငါဟာသေဆုံးသော 
ရွက်ကြွေတွေဘ၀လို 
လမ်းဟောင်းလေးပေါ်မှာ 
ကြွေနေပါစေတော့ ရှုံးပြီးသား 
ငါဟာသေဆုံးသော 
ရွက်ကြွေတွေဘ၀လို 
လမ်းဟောင်းလေးပေါ်မှာ 
ကြွေနေပါစေတော့ ရှုံးပြီးသား