huatong
huatong
avatar

ငါသွားတော့မယ်

အာဇာနည်huatong
🎵🅺🅞⋆🅾🅚🎵➳ℭᴾˡᵃᶜᵉ✓huatong
الكلمات
التسجيلات
ငါသွားတော့မယ်

တေးဆို-Rဇာနည်

ငါချစ်ခဲ့မိတာတွေအတွက် တောင်းပန်တယ်

တကယ်ဆိုငါ့ဘဝက နင်နဲ့မှမတန်ပဲ

အပြစ်ရှိတယ်ဆိုလည်း ကျေပါ ဒီနေရာမှာဆိုခဲ့တော့မယ်

ရင်ခုန်ခြင်းတွေလည်း တစ်စစီကောက်သိမ်းရင်းကွယ်

အနှောင့်အယှက်တစ်ခုလို့ ထင်ရင်လည်း တောင်းပန်တယ်

ဒီနေ့ကစ စိတ်မဆင်းရဲစေဖွယ်

အဖိုးမထိုက်တန်လေတဲ့ ရင်မှာ

အကြင်နာတွေကို ပြန်သိမ်းထားမယ်

ဒီသီချင်းနဲ့ပဲ မင်းကို ကိုယ်နှုတ်ဆက်တယ်

ကိုယ်သွားတော့မယ် လေထဲလွင့်တဲ့ရွက်ကြွေတွေလို ဟို အဝေးကွယ်

ငါသွားရမယ့်အခိုက်မှာ ငိုသူမရှိဘူးနားလည်

ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမယ်

ငွေကြေးမရှိတဲ့ဘဝမှာ ကြင်နာသူလည်းမရှိ

ငါ နားလည်တယ်...

ငါ့ဘဝကနုံချာလို့ ကြိုးစားခဲ့လည်း

ကိုးမစားတော့ မတိုးပွားခဲ့နိုင်တယ်

ဘဝပေးတဲ့ကံကြမ္မာနဲ့ နေထိုင်ရှင်သန်ချိန်မှာ ငါရိုးသားမယ်

မခေါ်ချင်ထားခဲ့ဦး မင်းကိုကိုယ်ခွင့်လွတ်တယ်

ကိုယ်သွားတော့မယ် လေထဲလွင့်တဲ့ရွက်ကြွေတွေလို ဟို အဝေးကွယ်

ငါသွားရမယ့်အခိုက်မှာ ငိုသူမရှိဘူးနားလည်

ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူကာ ခံစားမယ်

ငွေကြေးမရှိတဲ့ဘဝမှာ ကြင်နာသူဆိုတာလည်း မရှိ

ငါ နားလည်တယ်

Solo.....

လေထဲလွင့်တဲ့ရွက်ကြွေတွေလို ဟို အဝေးကွယ်

ငါသွားရမယ့်အခိုက်မှာ ငိုသူမရှိဘူးနားလည်

ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူခံစားမယ်

ငွေကြေးမရှိတဲ့ဘဝမှာ ကြင်နာသူလည်းမရှိ

လေထဲလွင့်တဲ့ရွက်ကြွေတွေလို ဟို အဝေးကွယ်

ငါသွားရမယ့်အခိုက်မှာ ငိုသူမရှိဘူးနားလည်

ရင်ထဲဝမ်းနည်းသမျှတွေ ဘယ်သူကူခံစားမယ်

ငွေကြေးမရှိတဲ့ဘဝမှာ ကြင်နာသူဆိုတာလည်း မရှိ

ငါ သိခဲ့တယ်...

သွားတော့မယ်

သွားတော့မယ်

Thanks

المزيد من အာဇာနည်

عرض الجميعlogo