🐦ငှက်ခါးလေးအသိပါ🐦
🎤ကေ ကေ တီ
မိုး....... ရိပ်တွေ ဆင်လို့
ရင်မှာ လှုပ်ရှားသည်
တနယ်စီ ကွာဝေး....
ဆွေးဖို့ ဖန်သည်
လွမ်း လင်္ကာ စာတွေ စီမည်
အချစ်ကို ရည်မှန်းသည်.....
ငှက်ခါးလေး အသိပါ
အချစ်ရယ်
မေးကြည့်ပါကွယ်
သူလာလိမ့်မယ်
ကိုယ် မသက်သာ
ခဏလေးဝေးမယ်
ဖြေသိမ့် စမ်းကွယ်
မောင့် ရဲ့  အချစ်ရယ်.....
မငိုနဲ့ ပြုံး ကွယ်
မျှော်မှန်း လို့ ရယ်
ကိုယ်လာမယ့် လမ်းဆီ.....
( M U S I C )▶️▶️▶️
ဝေး...... ဝေးနေပြီမို့
အကြင်နာတွေ
ပိုမိသည်
နောင်ခါ နောင်ရေး
တွေးရပါမည်
ချစ်သူသာ
ယုံစေချင်သည်
လွမ်းစာတွေရေးမည်
ငှက်ခါးလေး အသိပါ
အချစ်ရယ်
မေးကြည့်ပါကွယ်
သူလာလိမ့်မယ်
ကိုယ်ချစ်တာ
တသက်လုံး အတွက်ကွယ်
တကယ်လို့ လွမ်းရင်
မောင့် ရဲ့  အချစ်ရယ်.....
စာလေးရေးလို့
ရင်လွမ်း စိတ်ဖြေ
ကိုယ်လေ ပျော်ရသည်.....
( G U I T A R )🎸🎸
ဝေး......
ဝေးနေပြီမို့
အကြင်နာတွေ ပိုမိသည်
နောင်ခါ နောင်ရေး
တွေးရပါမည်
ချစ်သူသာ
ယုံစေချင်သည်
လွမ်းစာတွေ ရေးမည်
ငှက်ခါးလေး အသိပါ
အချစ်ရယ်
မေးကြည့်ပါကွယ်
သူလာလိမ့်မယ်
ကိုယ်ချစ်တာ
တသက်လုံး အတွက်ကွယ်
တကယ်လို့ လွမ်းရင်
မောင့် ရဲ့  အချစ်ရယ်.....
စာလေးရေးလို့
ရင်လွမ်း စိတ်ဖြေ
ကိုယ်လေ ပျော်ရသည်.....
🐦🐦🐦🐦🐦🐦🐦
👨✈️ကိုကိုသားစစ်👨✈️