ချစ်ပြုံးမဉ္ဇူ
ရန်အောင်+မေရွက်ဝါ
M-လှိုဏ်နန္ဒမူ မြိုင်ယံကမူ
ပြိုင်စံမတူ(သူ)
မယှဉ်သင့်အောင်အမြင့်ဗွေငူ
ဂမ္ဘာန်ယက္ခ စောင့်ကြပ်ကာမင်းမူ
ဂန္ဓာရုံသင်းပျံ့ကြူ
လေပြည်ယူ ရွှေမဉ္ဇူ
နတ်နန်းသက္ကရာဇာနှုန်းတူ
တကယ်ဘုန်းရှိမှ ရည်ရွယ်မျှော်လင့်သူ
ကျီစယ်ရာအသင့်ပဆွတ်ချူယူ
မြင်သူမက်မဆုံး ချစ်ပြုံးမဉ္ဇူ
F-လှိုဏ်နန္ဒမူ မြိုင်ယံကမူ
ပြိုင်စံမတူ(သူ)
မယှဉ်သင့်အောင် အမြင့်ဗွေငူ
ဂမ္ဘာန်ယက္ခ စောင့်ကြပ်ကာမင်းမူ
ဂန္ဓာရုံသင်း ပျံ့ကြူ
လေပြည်ယူ ရွှေမဉ္ဇူ
နတ်နန်းသက္ကရာဇာနှုန်းတူ
တကယ်ဘုန်းရှိမှ ရည်ရွယ်မျှော်လင့်သူ
ကျီစယ်ရာအသင့်ပ ဆွတ်ချူယူ
M+F-မြင်သူမက်မဆုံး ချစ်ပြုံးမဉ္ဇူ
F-ကျေးငှက်မာဂဓါ
ကြွေးလျက်ကျူးတံတျာ
တေးနှင့်ချိုမြူ
ပန်း ဘုရင့်ရာဇာနန်းမြင့်ကမူ
တင့်စွာစံပယ်သူ
M-မော်ဖူးချင်လျှင် သံတော်ဦးတင်ကြ
အမိန့်တော်ချမှ ခွင့်ရကာကြည်ဖြူ
ဖူးကြ ဖူးကြ ပန်းမဉ္ဇူ
M+F-မြင်သူမက်မဆုံး ချစ်ပြုံးမဉ္ဇူ
F-အို...မြေငလျင်တော်လည်း တခဲနက်ဆူ
လေနီကြမ်းပါ ဝှေ့ရမ်းကူ
M-ဘုန်းတန်ခိုးနှင့် သိမ်းကျုံးကာ
ပိုင်စိုးမိုးနိုင်သူ
ကြွားဝင့်ကာ အနားချဉ်းလာ
လက်တွင်းက စိန်တံချူ
ခွင်းခြွေယူဆောင်ကြဉ်း အမင်းမင်းတို့သရဖူ
F-ဝင့်ကာမနှေးချူလှည့်
အသင့်ပါဖေးကူမယ့် မဉ္ဇူ
ဖူးစာရှင် မောင့်ပုလဲဒါယူ
အမြဲပါသူ အသည်းပါချူ
လိုက်လျောမည့် ရွှေမဉ္ဇူ
M+F-ရည်တူမက်မဆုံး ဤဇမ္ဗူပျက်ဦး
ဘုန်းနှင့်လူ ပြစ်မမှန်းကြည်ဖြူ
ချစ်ပြုံး မဉ္ဇူ
မြင်သူမက်မဆုံး ချစ်ပြုံးမဉ္ဇူ
M-ကျေး ငှက်မာဂဓါ
ကြွေးလျက်ကျူး တံတျာ
တေးနှင့်ချိုမြူ
ပန်းဘုရင့်ရာဇာ နန်းမြင့်ကမူ
တင့်စွာ စံပယ်သူ
F-မော်ဖူးချင်လျှင် သံတော်ဦးတင်ကြ
အမိန့်တော်ချမှ ခွင့်ရကာကြည်ဖြူ
ဖူးကြဖူးကြ ပန်းမဉ္ဇူ
M+F-မြင်သူမက်မဆုံး ချစ်ပြုံးမဉ္ဇူ
F-အို...မြေငလျင်တော်လည်း တခဲနတ်ဆူ
လေနီကြမ်းပါ ဝှေ့ရမ်းကူ
M-ဘုန်းတန်ခိုးနှင့် သိမ်းကျုံးကာ
ပိုင်စိုး မိုးနိုင်သူ
ကြွားဝင့်ကာ အနားချဉ်းလာ
လက်တွင်းက စိန်တံချူ
ခွင်းခြွေယူဆောင်ကြဉ်း အမင်းမင်းတို့သရဖူ
F-ဝင့်ကာမနှေးချူလှည့်
အသင့်ပါဖေးကူမယ့် မဉ္ဇူ
ဖူးစာရှင် မောင့်ပုလဲဒါယူ
အမြဲပါသူ အသည်းပါချူ
လိုက်လျောမည့် ရွှေမဉ္ဇူ
M+F-ရည်တူမက်မဆုံး ဤဇမ္ဗူပျက်ဦး
ဘုန်းနှင့်လူ ပြစ်မမှန်းကြည်ဖြူ
ချစ်ပြုံးမဉ္ဇူ
မြင်သူမက်မဆုံး ချစ်ပြုံးမဉ္ဇူ