huatong
huatong
الكلمات
التسجيلات
ဒီမျက်နှာလေးပေါ်လည်းဘာမှမဖြည့်နဲ့..

ရင်မှာလှပီးသားပါကွယ်.

ဘာမှမဟောင်းနွမ်းသေးဘူး

ယနေ့ထက်ထိပေါ့

ဟိုးအရင်လိုဘဲကွယ်

အသစ်ဖြစ်နေဆဲဘဲ..

အချိန်များစွာပြောင်းကာ

နှစ်တွေဟောင်းခဲ့လည်း

ရာသီစက်ဝိုင်းများစွာထဲ..

မြင်နိုင်တယ် အရေးအကြောင်းလေးများက

ဝိုးတ၀ါးတဖြည်းဖြည်းနဲ့

ထင်လာပေမဲ့လည်း

မင်းပါးပြင်လေး နူးညံ့ဆဲ..

အိုမွှေးပျံ့ဆဲဘဲ..

ယုံပါ ညှို့အားများကလည်းရင်ထဲ

ခမ်းနားနေတုန်းဘဲ..

မျက်ဝန်းများတောက်ပဆဲ..

ယုံပါ နှုတ်ခမ်းများကလည်းရင်ထဲ

ချိုမြနေတုန်းဘဲ

အထိအတွေ့တို့နွေးထွေးဆဲ..

ဘာမှ မဟောင်းနွမ်းဘူး.. ကွယ်

မပြောင်းလဲဘူး အရင်အတိုင်းဘဲ..

ဘာမှ မဟောင်းနွမ်းဘူး.. ကွယ်

မပြောင်းလဲဘူး.. ယုံကွယ်..

solo

အို.. လောကဓံတရားရဲ့ကြားမှာ

စိတ်မညစ်နဲ့..

ရင်မှာတသက်လုံးချစ်နေမယ်..

ယုံပါ ကိုယ့်ဘ၀အတွက်တော့

ဘာမှအရေးမကြီးဘူးကွယ်

အပေါ်ယံအလှများလဲ

အရေးမကြီးပါဘူးကွယ်..

နောက်ဆုံးအိုမင်းချိန်ထိအောင်

စိတ်ချကွယ်..

မြင်မယ် ချစ်သောစိတ်တွေထဲ..

ထာဝစဉ်ဆွဲအားများနဲ့

နုပျိုနေမှာဘဲ..

ခံစားချက်များအကောင်းအတိုင်းဘဲ..

ကိုယ့်ရဲ့ရင်ထဲမှာ

အမြဲလတ်ဆတ်နေလိမ့်မယ်..

ယုံပါ ညှို့အားများကလည်းရင်ထဲ

ခမ်းနားနေတုန်းဘဲ..

မျက်ဝန်းများတောက်ပဆဲ..

ယုံပါ နှုတ်ခမ်းများကလည်းရင်ထဲ

ချိုမြနေတုန်းဘဲ

အထိအတွေ့တို့နွေးထွေးဆဲ..

ယုံပါ နှုတ်ခမ်းများကလည်းရင်ထဲ

ချိုမြကာနေဆဲ..

နွေးထွေးဆဲ..

ဘာမှ မဟောင်းနွမ်းဘူး.. ကွယ်

မပြောင်းလဲဘူး အရင်အတိုင်းဘဲ..

ဘာမှ မဟောင်းနွမ်းဘူး.. ကွယ်

မပြောင်းလဲဘူး.. ယုံကွယ်..

المزيد من မောင်မောင်ဇော်လတ်

عرض الجميعlogo