အချစ်တဲ့လား 
တေးရေး မင်းချစ်သူ 
တေးဆို ဖြူဖြူကျော်သိန်း 
 .......... 
ဒါဟာအချစ်ဗိမ္ပာန်လို့ကိုယ်ထင်ပေမယ့် 
အလွမ်းအဆွေးများရဲ့ထောင်ချောက်ပဲ 
ထုံကြိုင်မွှေးပျံ့သောအချစ်ရနံ့များဟာ 
အဆိပ်ငွှေ့များလိုသတ်နေပြီ 
ညင်သာနုညံ့လွန်းတဲ့ ကြင်နာသူအသည်း 
အခုတော့သိပ်မာ သံဏိပဲ 
မင်းရဲ့ အချစ်မျက်နာဖုံးကိုဖြုတ်လိုက်မှ 
ကိုယ်တွေ့လိုက်ရပြီ အမုန်းအစွယ်တွေ 
ကြေကွဲခြင်းရဲ့နှလုံးသား 
အစိမ်းလိုက်ပေါ့ မင်းကခွဲသွား 
ရက်စက်ခြင်းအတွက် လျှောက်လဲချက်က 
မင်းပြောတော့အချစ်တဲ့လား 
ရန်သူကြီးတစ်ယောက်လိုထင်နေပြီလား 
အမုန်းလက်နက်တွေကိုင်ဆွဲထား 
သိပ်တင်းမာပြင်းထန်နေသူမင်းကလေးရဲ့ 
အို ဆက်ဆံရေးတွေကျဲနေပြီ 
ကြေကွဲခြင်းရဲ့နှလုံးသား 
အစိမ်းလိုက်ပေါ့မင်းကခွဲသွား 
ရက်စက်ခြင်းအတွက် အဲ့ဒီလျှောက်လဲချက်က 
မင်းပြောတော့အချစ်တဲ့လား 
.....Music..... 
............... 
ပူလောင်ခြင်းများနဲ့နာကြင်မှုများ 
အို လွမ်းဆွေးတမ်းတကြေကွဲခြင်း 
ဒါကိုအချစ်ဆိုပြီးတော့ တဆိပ်နှိပ်လို့ 
မင်းကငါ့ကိုလုပ်ကြံတယ် 
မင်းကနှိပ်ဆက်လွန်းလို့ မသေရုံပါပဲ 
အို ယဲ့ယဲ့လေးသာကျန်ရစ်ခဲ့ 
စိတ်ဓာတ်ဦးဏှောက်များကော ပုံမှန်ရှိသလား 
မသိဘူး မင်းကျေးဇူးကြောင့်ရူးနိုင်တယ် 
ဒဏ်ရာများနဲ့ ကိုယ့်အသည်း 
အစိတ်စိတ်အပိုင်းပိုင်းပေါ့ကြေကွဲ 
ရက်စက်မှုအားလုံးအတွက် လျှောက်လဲချက်က 
မင်းပြောတော့အချစ်တဲ့လား 
ဒါဟာအချစ်တဲ့လား အဲ့ဒါအချစ်တဲ့လား 
ဒါများအချစ်တဲ့လားကွယ် မင်းပြောစမ်း 
ဒါဟာအချစ်တဲ့လား ဒါပဲအချစ်တဲ့လား 
သြော် ဒါများအချစ်တဲ့လားကွယ် မင်းပဲပြော 
ဒါဟာအချစ်တဲ့လား အဲ့ဒါအချစ်တဲ့လား 
ဒါများအချစ်တဲ့လားကွယ်ပြန်ပြောဦး 
ဒါဟာအချစ်တဲ့လား အဲ့ဒါအချစ်တဲ့လား 
ဒါများအချစ်တဲ့လားကွယ်ပြောပါဦး 
ဒါဟာအချစ်တဲ့လား အဲ့ဒါအချစ်တဲ့လား 
ဒါများအချစ်တဲ့လားကွယ်ပြန်ပြောဦး 
ဒါဟာအချစ်တဲ့လား ဒါပဲအချစ်တဲ့လား 
သြော် ဒါများအချစ်တဲ့လားကွယ် မင်းပဲပြော 
ဒါဟာအချစ်တဲ့လား ဒါပဲအချစ်တဲ့လား 
သြော် ဒါကြောင့် အချစ်တဲ့လား... 
......The End...... 
ကျေးဇူးတငင်ပါသည်။