မခေါ်ပဲလာမနှင်ပဲပြေး
မြန်မာပြည်သိန်းတန်၊မေဆွိ
ကျား မခေါ်ပဲလာ....
မနှင်ပဲပြေးတဲ့ မိန်းကလေးရာ
တကယ် အဖြစ်လေလား
ဝိုးတဝါးအိမ်မက်လေလား မရေရာ
ဟိုတစ်ခါ တစ်ညချမ်း
ဆန်းစလမင်း သာချိန်ခါ
ငွေတိမ်လွှာကြားကလေလား
ငွေကြယ်စုံဘေးကလေလား
လှတပါးပေါ်လာ
တွေ့လာရတဲ့မိန်းကလေးရာ
မခေါ်ပဲသူလာ
မနှင်ပဲပြေးတဲ့ မိန်းကလေးရာ
မ ထိန်ဝှက်စကား
အိမ်မက်လားလို့ ယုံမှားသံသယ
မဖြစ်လိုပါ အနှစ်ပိုစရာ အချစ်ပိုကာ
သာယာလှတဲ့
ကိုယ်တို့ နှစ်ဦးရဲ့ကမ္ဘာ
ဘယ်သောအခါမှ
ချေမှုန်း မပစ်ပါဘူးရှင်ရာ
ကျား တစ်ကိုယ်တည်းထီးကျန်
ကိုယ်ဘဝအခြေမှန်
ဝေဆာလန်းဆန်း လာသောအခါ
သူလာလို့ပေလား သူရောက်လာလို့လား
သာယာသလားထင်ချင်တာ
သူသာမရှိရင်
ဘဝင်ညှိုးရ အလှပျက်သုဉ်း
ကိုယ်ဘဝတစ်ခုလုံး
ခြောက်သွေ့နွမ်းကြွေမှာ
မ ထိန်ဝှက်စကား
အိမ်မက်လားလို့ ယုံမှားသံသယ
မဖြစ်လိုပါ အနှစ်ပိုစရာ အချစ်ပိုကာ
သာယာလှတဲ့
ကိုယ်တို့ နှစ်ဦးရဲ့ကမ္ဘာ
ဘယ်သောအခါမှ
ချေမှုန်း မပစ်ပါဘူးရှင်ရာ
ကျား မတွေးဝံ့စရာ မောင့်အတွက်မရေရာ
ရတက်မအေး ဆွေးဖိုကြုံလာ
တနေ့သောအခါ သူပြန်လည်ကာ
စွန့်ခွာထွက်ပြေး မခေါ်ပဲလာ
မနှင်ပဲပြေးတဲ့ မိန်းကလေးရယ်လို့သာ
အသည်းမှာ ကမ္ဗည်းတင် ရင်မှာစွဲငြိ
ပဟေဠိဆန်သူရာ
တကယ့်အဖြစ်လားအိမ်မက်လား
အတွေးများစိတ်မှာ
တထိတ်ထိတ်ရင်ခုန်လာ...
မခေါ်ပဲလာ...
မနှင်ပဲပြေးတဲ့မိန်းကလေးရာ...