သီချင်း - အိမ်
တေးဆို - အငဲ
အခုတလောမှာ
ငါမက်တဲ့အိပ်မက်တွေ
အရမ်းထူးဆန်းတယ်
မြက်ခင်းနဲ့ခြံဝင်းနဲ့အိမ်လေးကို
တို့နှစ်ယောက်ပိုင်သတဲ့
ပိုက်ဆံလေးတွေစုချင်တယ်
လကုန်တိုင်းဆုတောင်းဆဲကွယ်
တို့နှစ်ယောက်အတွက်
အိမ်လိုချင်တယ်
မနက်ဖြန် ဒီအခန်းက နေခဲ့တာ
စာချူပ်ပြည့်တော့မယ်
လက်ထဲမှာဘယ်မှာလဲ ငွေ
ထပ်ငှါးဖို့ စဉ်းစားတာနဲ့
စိတ်ညစ်လည်းဘာထူးမှာလည်း
အသက်တွေကသာကြီးခဲ့တယ်
တို့နှစ်ယောက်အတွက်
အိမ်ဘယ်မှာလဲ
အကောင်းဆုံး နားခိုဖို့အတွက်
နေရာလေးလိုချင်မိတယ်
တနေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
တနေ့တော့ တနေ့ပေါ့
ဘယ်တော့လဲမမေးလိုက်နဲ့ကွယ်
ဘယ်တော့မှမဖြစ်လာတော့ဘူးလို့
အားမလျော့ပါနဲ့
လိုက်လေဝေးလေ ပြေးနေဆဲ
တို့အိပ်မက်တွေဝိုးတဝါးရယ်
တို့နှစ်ယောက်အတွက်
အိမ်လိုချင်တယ်
အကောင်းဆုံး နားခိုဖို့အတွက်
နေရာလေးလိုချင်မိတယ်
တနေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့ အိမ်လိုချင်တယ်
အကောင်းဆုံး နားခိုဖို့အတွက်
ဒီအချိန်ထိမျှော်လင့်ဆဲပဲ
တနေ့တော့ အသိုက်အမြုံ လေးနဲ့
အတည်ငြိမ်စွာနေချင်ပါတယ်
တနေ့တော့
တို့နှစ်ယောက်စလုံးအတွက်
လုံခြုံတဲ့အိမ် လိုချင်တယ်
မနက်ဖြန်
ဒီအခန်းကနေခဲ့တာ
တစ်နှစ်ပြည့်တော့မယ်