huatong
huatong
avatar

ကမ်ဘာငယ်လေး

Eaint Chithuatong
silvy_7423huatong
الكلمات
التسجيلات
သီချင်း း ကမ္ဘာငယ်လေး

တေးဆို း နိုင်းဝမ်း ft. အိမ့်ချစ်

မင်းအကြောင်းတွေ အမြဲတမ်းတွေးနေသူ

ဒီကမ္ဘာမြေထက်က

တိမ်စိုင်တွေ မျောလွင့်သွားတဲ့အတိုင်း

ငါဟာ စီးမျောချင်သူ

အဖြူရောင်မြူနှင်းတွေရယ် အလွမ်းသင့်လို့

ငါ့ရင်ထဲ ရိုက်ခတ်ဆဲ

မင်းရယ်သံလေးတချို့

ငါတပ်မက်ကြေကွဲရင်း

ကမ္ဘာမြေပြင်ပျက်သုဉ်းသွားပါစေကွယ်

မင်းအနားမှာအမြဲရှိနေမှာပါ

နာမည်လေး လှမ်းခေါ်နေဆဲ

ရင်ထဲကလွမ်းသူကို

မင်းအနားမှာ ကိုယ်တကယ်ကို

ဖြည့်ဆည်းပေးသူအဖြစ်နဲ့နေချင်လို့

ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ

ကိုယ့်ရဲ့ကမ္ဘာငယ်လေး

မခွဲတမ်းငါမင်းအနားရှိချင်သူ

ငါ့ပျော်ရွှင်ခြင်းများ အပိုင်ယူပါ

မင်းတစ်ယောက်ထဲကိုပဲ

ငါဟာပေးအပ်ချင်သူ

လေပြေလို နင့်အချစ်စကားလေးတစ်ခွန်း

အမြဲငါတမ်းတနေဆဲ

အလွမ်းတွေကို အဆုံးသတ်ပါ

အချစ်တို့ဖန်ဆင်းရင်း

ကမ္ဘာမြေပြင်ပျက်သုဉ်းသွားပါစေကွယ်

မင်းအနားမှာအမြဲရှိနေမှာပါ

နာမည်လေး လှမ်းခေါ်နေဆဲ

ရင်ထဲကလွမ်းသူကို

မင်းအနားမှာ ကိုယ်တကယ်ကို

ဖြည့်ဆည်းပေးသူအဖြစ်နဲ့နေချင်လို့

ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ

ကိုယ့်ရဲ့ကမ္ဘာငယ်လေး

မင်းတစ်ယောက်ပဲချစ်တယ်

နင်သာငါ့ရဲ့ကမ္ဘာငယ်လေးမို့

တစ်ခုပဲငါသိတယ်

ငါ့အချစ်တွေနဲ့ အကာအကွယ်ပေးလို့

အမြဲတမ်းမင်းပျော်စေချင်တယ်ဆိုတဲ့ စိတ်ပဲ

ငါထည့်တွေးလို့

ခွဲမသွားနဲ့ ငါ့ရဲ့အဝေးကို

မင်းအကြောင်းတွေ သီချင်းအဖြစ်နဲ့ပဲ

စာဖွဲ့ရေးလည်း မမှီလောက်တော့ဘူး

တစ်ကယ်ပြောတာ မတည်မနောက်တော့ဘူး

ဒီအကြောင်းတွေ နောက်ထပ်ပြော

ငါ့သူငယ်ချင်းတွေလည်း မရီလောက်တော့ဘူး

အိမ်ပြန်ချိန်ငါ့ရဲ့ပုခုံးပေါ်

မင်းရဲ့ခေါင်းလေးမှီလျှောက်တော့အခု

အဲဒီညတွေ စဉ်းစားရင်းနဲ့ပဲ

ဒီတစ်ယောက်တော့ရူး

အသွေးအသားနဲ့ ရေးထားတဲ့တေးများလည်း

မင်းမကြားလောက်ခဲ့ပါ

ဘေးစကားလည်းတွေးမထားဘဲ

မင်းအနားပဲ အပြေးအလွှားရောက်တဲ့ငါ့ကို

စိတ်မပျက်ပါနဲ့

ကြိုနေပေးပါ မင်းကအပြုံးနဲ့

ငါ့အတွက်တော့ မင်းကတစ် မင်းကနှစ်

ပြီးတော့ မင်းကသုံးပဲ

မင်းက အချစ်ဆုံးပဲ

အဲ့ဒီတစ်ချက်ဖြင့် မုန်းမသွားလို့

ဟိုအရင်လို မင်းရဲ့စိတ်က

ဆက်ချစ်ဦးမလားလို့

မင်းအနားက ငါ့ရဲ့အရိပ်တွေလည်း

မရပ်ဖြစ် ရုန်းမရလို့

သတိရတိုင်း ထွက်ကြည့်ပေးပါ

မင်းအိမ်ရှေ့က publicဖုန်းနားကို

ကမ္ဘာမြေပြင်ပျက်သုဉ်းသွားပါစေဟေး

မင်းအနားမှာအမြဲရှိနေမှာပါ

နာမည်လေး လှမ်းခေါ်နေဆဲ

ရင်ထဲကလွမ်းသူကို

မင်းအနားမှာ ကိုယ်တကယ်ကို

ဖြည့်ဆည်းပေးသူအဖြစ်နဲ့နေချင်လို့

ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ

ကိုယ့်ရဲ့ကမ္ဘာငယ်လေး

ကမ္ဘာမြေပြင်ပျက်သုဉ်းသွားပါစေကွယ်

မင်းအနားမှာအမြဲရှိနေမှာပါ

နာမည်လေး လှမ်းခေါ်နေဆဲ

ရင်ထဲကလွမ်းသူကို

မင်းအနားမှာ ကိုယ်တကယ်ကို

ဖြည့်ဆည်းပေးသူအဖြစ်နဲ့နေချင်လို့

ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ

ကိုယ့်ရဲ့ကမ္ဘာငယ်လေး

المزيد من Eaint Chit

عرض الجميعlogo