huatong
huatong
avatar

မေတ္တာ​ရေစုန်​​မျောခဲ့သူ(FemaleVersion)

မေဆွိhuatong
αყεҡყαω(µσσ)huatong
الكلمات
التسجيلات
မေတ္တာ​ရေစုန်​​မျောခဲ့သူ(FemaleVersion)

မေဆွိ

0း 10

ငုံချိန်ကိုမှီခဲ့သလို ကြွေချိန်ကိုမှီခဲ့ပြီ

အိုဘယ့် မနှင်းဆီရယ်

အရောင်ပြယ်ပြီး ရနံ့လေး

ကွယ်ကာ ပျောက်သွားလည်း

ဆူးဒဏ်က နာကောင်းတုန်းပဲ

ရင်မှာ ပေါက်ဖွားစ

မလည်မဝယ် အချစ်ကလေးနဲ့ 

ဘဝဒုက္ခ မမြင့်တမြင့်ရွယ်

လာချင်ရင်လွယ်ပြီး ပြန်ချင်တော့ခက်တဲ့

မေတ္တာရေစုန်မျောခဲ့တယ်

ဘယ်သူတွေ ဘာပြောပြော

ကိုယ်ထင်တာ ကိုယ်လုပ်မယ်

အိုဘယ့် မနှင်းဆီရယ်

နင်ကပဲ (လှ) သလား

ငါကပဲ (အ) သလား

အခုတိုင်အောင် အဖြေမသိသေးတယ်

ရင်မှာလေ ဟုန်းကနဲ

အရှိန်အဟုန်ပြင်း တောက်တဲ့

ကောက်ရိုးမီး ချစ်သူနယ်

ပျော်ရင် အရယ်လွယ်ပြီး

ငိုရင် အရှိုက်ခက်တဲ့

မေတ္တာရေစုန်မျောခဲ့တယ်

တခါတလေ ကိုယ်အသာရဖို့ 

ဘယ်နှစ်ခါ အနာခံရမလဲ

အိုဘယ့် မနှင်းဆီရယ်

နွေနေ့  ခင်းလမင်း

သာနိုင်တဲ့ အခြင်းအရာ

မချစ်ရင်ညာလို့ မရဘူးကွယ်

မကြုံလို့  မသိသေးတဲ့

မမြင်လို့  မကြောက်တတ်တဲ့

မျက်ကန်းနဲ့  ချစ်တစ္ဆေနယ်

ယူချိန်မှာလွယ်ပြီး လျော်ချိန်ကျခက်တယ်

မေတ္တာရေစုန်မျောခဲ့တယ်

လာချင်ရင်လွယ်ပြီး ပြန်ချင်တော့ခက်တဲ့

မေတ္တာရေစုန်မျောခဲ့  တယ်

By AyeKyaw greentiger

المزيد من မေဆွိ

عرض الجميعlogo