သီချင်း - လမင်းရေးသောတမ်းချင်း
တေးဆို - Eternal Gosh
သူစိမ်းလို့မပြောပါနဲ့
ရင်းနှီးချင်သူအပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာအခွင့်မသာတော့ရင်
နောက်ဆုတ်သွားမှာပါ
မောင်းထုတ်ပစ်လိုက်မှာလား
ကစားဖို့အရုပ်တစ်ရုပ်ရသလိုပျော်ပြီး
မင်းကစားတော့မှာလား
စေတနာထားရက်စက်တော့မှာလား
အိပ်မက်ထဲမှာပဲနေပါရစေကွယ်
ဝင်မလာစေချင်လဲကွယ်
အရသာရှိစွာခံယူဦးမယ်
အလွမ်းကတဆတ်ဆတ်နာတယ်
တကယ်ဆိုတားဆီးထားတဲ့စည်းတွေရှိတာကို
ငါနားလည်ပါတယ်
မင်းကသနားရင်တော့ဇွဲဆု
ငါကံမကောင်းခဲ့ရင်
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
ငါမင်းကိုညစဉ်ကြိတ်ပြီးရူး
ရင်ထဲမှာမောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
အခွင့်ရေးလေးရှိရင်
မင်းရှေ့မှောက်ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာရှိနေချင်ခဲ့တာ
ငါမြတ်နိုးလွန်းလို့
သူစိမ်းလို့မပြောပါနဲ့
ရင်းနှီးချင်သူအပြစ်ဖြစ်သွားလို့ပါ
သက်ဆိုင်ဖို့ရာအခွင့်မသာခဲ့ရင်
နောက်ဆုတ်သွားမှာပါ
သစ္စာအဓိပတိအနမ်းများခြွေရာ
ငါ့နှလုံးသားဥယျာဉ်က
တစ်လောကလုံးသိအောင်
အော်ပြောလိုက်ချင်
မင်းကိုတန်ဖိုးထားတဲ့အကြောင်းတွေကို
အိပ်မက်ထဲမှာပဲနေပါရစေကွယ်
ဝင်မလာစေချင်လဲကွယ်
အရသာရှိစွာခံယူဦးမယ်
အလွမ်းကတဆတ်ဆတ်နာတယ်
တကယ်ဆိုတားဆီးထားတဲ့
စည်းတွေရှိတာကိုနားလည်ပါတယ်
မင်းကသနားရင်တော့ဇွဲဆု
ငါကံမကောင်းခဲ့ရင်
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
ငါမင်းကိုညစဉ်ကြိတ်ပြီးရူး
ရင်ထဲမှာမောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
အခွင့်ရေးလေးရှိရင်
မင်းရှေ့မှောက်ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ ရှိချင်ခဲ့တာ
ငါမြတ်နိုးလွန်းလို့
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
ငါမင်းကိုညစဉ်ကြိတ်ပြီးရူး
ရင်ထဲမှာမောတာမရပ်သေးဘူး
လမင်းလေး
မင်းကတော့သိနိုင်မယ်မထင်ဘူး
အခွင့်ရေးလေးရှိရင်
မင်းရှေ့မှောက်ခစားချင်တယ်
မင်းအနားရှိချင်ခဲ့တာ ရှိချင်ခဲ့တာ
ငါမြတ်နိုးလွန်းလို့ပါ