huatong
huatong
avatar

ဝမ်းနည်းဝမ်းသာ

ဟင်္သာတထွန်းရင်huatong
💜𝕹𝖆𝖓𝖑𝖆𝖞💜💒🥇༺ᵏ𝐋𝕔༻🥇huatong
الكلمات
التسجيلات
ဝမ်းနည်းဝမ်းသာ

တေးရေး-ဆို/ဟင်္သာတထွန်းရင်

သီချင်းတောင်းသူ/ကိုကို(KLC)

ရာသီသုံး.....ဆင့်

ခက်ပွင့်အလီလီ

ပြောင်းလေပြီ...ကွယ့်

အမေနဲ့ရွာကို

သားမောင်လွမ်းသမျှ

တမ်းတစိတ်တွေ

ဖြေသော်မပြေတယ်

နွေရယ်မိုးရယ်ဆောင်းရယ်

မိုးရယ်ဆောင်းရယ်နွေရယ်

တစ်မျိုးစီရွေ့လပြောင်းရင်း

နှစ်ပေါင်းများစွာကြာခဲ့ပြီကွယ်

သားရည်ရွယ်ချက်တွေ

အောင်မြင်ခဲ့သမျှ

မွေးမေအားရစေဖို့

အပြေးသော့လို့

အရောက်လာမယ်

အမေ့ရင်မှာ ချမ်းမြေ့စေမယ်ကွယ်

မကောင်းမေတ္တာ

ကောင်းရာညွှန်လတ်

အတတ်သင်စေ ပေးဝေနှီးရင်း

ထိန်းမြားချင်းရယ်က

မိဘတို့ဝတ်ငါးသွယ်

သားလူမမယ် အရွယ်ရောက်တော့

တစ်ရွာမပြောင်းရင်

သူကောင်းမဖြစ်ဘူးရယ်လို့

မိဘဘိုးဘွားလူကြီးများက

ဆိုကြပြန်တယ်

သားကိုကွယ်မြို့မှာထားလို့

အသိတရားတွေ တိုးပွားစေမတဲ့

အမေနဲ့ဆရာသမားများက

တောသားလေး ကျွန်တော့်ကိုမှာတယ်

ဘဝဆိုတာမမေ့ကောင်းဘူးတဲ့

ဪ.အတုယောင်ဆူးတွေကြားက

အမေ့သားလေး

လွတ်မြောက်ဖို့ကြံရွယ်

တွေးတယ်ဆွေးတယ်ငေးတယ်

မြင်ယောင်မိပြန်သေးတယ်

ကျွန်တော့်အရွယ်ငယ်ငယ်လေးမို့

ယုယပိုက်ထွေးလာရ

မိဘမေတ္တာအေးချမ်းလှပါတယ်

အဖေနဲ့အမေအချစ်တွေပြိုင်

သားမောင်လူလှကို

မျက်စိအောက်က

အပျောက်မခံနိုင်သတဲ့ကွယ်

အဲဒါတွေတွေးမိပြန်ရင်

ဪ အခုလိုအနေဝေးပေမယ့်

သားမောင်ရှေ့ရေးကမလွယ်

မြတ်ဗုဒ္ဓထံတော်ပါး

ဝပ်တွားဆုမြတ်ပဏာခြွေမယ်

မွေးမာတာကျန်းမာပါစေကွယ်

ရတနာသုံးတန်

ဦးထိပ်မှာပန်၍

ပဉ္စဂုဏံ အဟံဝန္တာမိပါတကယ်

တတ်သိပညာစုံသင်ယူခဲ့သမျှ

အမေနဲ့ရွာအဆင်ပြေရမယ်

အားရပါးရကြိုတော့မေမေရယ်

မြို့မှာအခြေအနေ

အထွေအထွေဗဟုသုကို

အမေသိအောင်ပြောပြမယ်

အခုနေခါဆိုရင်ဖြင့်

အမေ့မျက်နှာရွှင်ကြည်နူးလို့

ကြည်နူးဝမ်းသာ

ဘုရားစင်ရှေ့ဝယ်

မနက်ကိုဆွမ်း ညရေချမ်းနဲ့

ဆီမီးပန်းနေ့ညမညှိုးအောင်

သွန်းတဲ့ညောင်ရေ

အောင်သပြေနဲ့

သတ္တဝါဝေနေယျ ကို

အမေဆုတောင်းလို့

အမျှဝေနေမယ်

သာဓု သာဓု သာဓုပါအမေရယ်

အတွေးတွေကြွယ်

အားမငယ်လေနဲ့

အမေ့သားအလှ

ရွာအပြန်မျှော်နေတကယ်

المزيد من ဟင်္သာတထွန်းရင်

عرض الجميعlogo