huatong
huatong
avatar

သို့

Htoo El Linnhuatong
atewsswetahuatong
الكلمات
التسجيلات
သီချင်း : သို့

တေးဆို : ထူးအယ်လင်း

ဟိုးအဝေးကမြို့ငယ်လေး

ကိုယ့်ဘဝရဲ့နှလုံးသားတစ်ခုပဲ

မင်းရှိတဲ့မြို့ငယ်လေး

ခြေလှမ်းများကဦးလှည့်ကာပြန်ချင်

အစဉ်သာအိပ်မက်မက်နေ

မိုးလင်းတိုင်းလွမ်းစိတ်ကမပြေ

ဟူး....ဟူး

တောက်ပတဲ့လင်းရောင်ခြည်များ

စိမ်းလန်းတဲ့တောင်ပြာတန်းတွေ

အေးမြတဲ့စမ်းချောင်းငယ်များ

နွေးထွေးတဲ့မင်းရဲ့အပြုံးတွေ

ဟူး....ဟူး

အဝေးဆုံးလည်းဝေးမနေချင်

အနီးဆုံးပဲမင်းရဲ့ရင်ခွင်

မွန်းကြပ်တဲ့မြို့ပြတွေထဲ

အလွမ်းများနဲ့စီးဆင်းနေဆဲ

တချိန်မှာချစ်ခြင်းတရားတွေ

မဟောင်းနွမ်းပဲမင်းစောင့်လို့နေ

ဟူး....ဟူး

နူးညံ့တဲ့ပါးနုပြင်အောက်

နုတ်ခမ်းများကရင်ခုန်လွန်းနေ

ရွှန်းလဲ့တဲ့မျက်လုံးဝိုင်းတွေကြား

အနမ်းများနဲ့သတိရလို့နေ

ဟူး...ဟူး

ရင်ထဲမှာအမြဲရှိနေတယ်

စိတ်ကူးနဲ့ရူးနေသူ

အိပ်မက်တွေဆက်မက်နေမယ်

ပြန်ခဲ့မယ်တနေ့တော့ကွယ်

အနာဂတ်တွေလှပနေမယ်

ငါ့စိတ်ကမင်းရဲ့ဆီလည်

မျှော်လင့်ချက်အလင်းတန်းတွေနဲ့

ပြန်ခဲ့မယ်တနေ့တော့ကွယ်

အရာရာမပျောက်ဆုံးဘူး

ဘယ်လိုပင်ငါမမေ့နိုင်ဘူး

ရင်မှာမြို့လေးတစ်မြို့

ပြန်ခဲ့မယ်တနေ့တော့ကွယ်

ဟူး....ဟူး

المزيد من Htoo El Linn

عرض الجميعlogo