huatong
huatong
avatar

မထိုက်တဲ့အလင်း

Idiotshuatong
shanks.stephaniehuatong
الكلمات
التسجيلات
သီချင်း - မထိုက်တဲ့အလင်း

တေးဆို - Idiots

ဒီလိုညမျိုးရောက်တိုင်း

ငါလဲပြိုပြန်ရပြီ

အချိန်ဟာကုစားပေမယ့်

လောင်မြိုက်ခြင်းမှာမသက်ငြိမ်းသာ

မင်းကပေးသနားခဲ့အလင်းငါမှားယွင်းလေခြင်း

အမှောင်ထုထဲအဓိပ္ပာယ်ရှာမတွေ့ချိန်

အတိတ်ရဲ့ကောင်းသတင်းတွေအကြောင်း

ပြန်လည် ဖွင့်ဟပြီးနောက်

သတိရဖို့ဖြစ်လာပြန်ခဲ့ပြီ

ငါဘယ်လိုနေရမှာ မင်းမပါတဲ့

ဘဝကခက်ခဲလွန်းတော့

အရုပ်ကြိုးပြတ်ဖြစ်ရပေါ့

တစ်နေ့တော့မင်းပြန်လာမှာ

အိပ်မက်ရင်းနဲ့သာ

ဒီပုံစံခွက်ထဲမှာ

ငါထိန်းချုပ်ရင်းထပ်လဲပြိုရင်းနဲ့သာ

နောင်တတွေနဲ့ပါ နင်ထားခဲ့အတိုင်း

ရှိနေရမှာ

ဘယ်လို အနှောင့်အတားတွေက

အမှန်ကို မတွေ့အောင်ညွှန်ခဲ့ကြ

အပေါ်ယံအမြင်မှားကြောင့်

တိမ်နက်ခြင်းကို မမြင်ခဲ့ပါ

အလင်းနဲ့ မထိုက်သင့်ခဲ့ဘူး

ပြန်တောင်းတလည်းမထူး

ထင်မှတ်ထားခဲ့သလို မဖြစ်ချိန်

နောက်ကျလွန်းတဲ့နောင်တ

ကိုယ်တိုင်ခွင့်မလွှတ်နိုင်ပါ

သတိရဖို့ တစ်သက်စာအပြစ်ထဲမှာ

ငါဘယ်လိုနေရမှာ မင်းမပါတဲ့

ဘဝကခက်ခဲလွန်းတော့

အရုပ်ကြိုးပြတ်ဖြစ်ရပေါ့

တစ်နေ့တော့မင်းပြန်လာမှာ

အိပ်မက်ရင်းနဲ့သာ

ဒီပုံစံခွက်ထဲမှာ

ငါထိန်းချုပ်ရင်းထပ်လဲပြိုရင်းနဲ့သာ

နောင်တတွေနဲ့ပါနင်ထားခဲ့အတိုင်း

ရှိနေရမှာ

မထိုက်တဲ့ အလင်း

ငါဘယ်လိုနေရမှာ မင်းမပါတဲ့

ဘဝကခက်ခဲလွန်းတော့

အရုပ်ကြိုးပြတ်ဖြစ်ရပေါ့

တစ်နေ့တော့မင်းပြန်လာမှာ

အိပ်မက်ရင်းနဲ့သာ

ဒီပုံစံခွက်ထဲမှာ

ငါထိန်းချုပ်ရင်းထပ်လဲပြိုရင်းနဲ့သာ

နောင်တတွေနဲ့ပါ နင်ထားခဲ့အတိုင်း

ှရှိပါစေတော့ကွာ

ဒီလိုညမျိုးရောက်တိုင်း

ငါလေ မင်းကို သိပ်လွမ်းတယ်

المزيد من Idiots

عرض الجميعlogo