သီချင်း - Intro 
တေးဆို - J Fire 
လူရယ်လို့ဖြစ်လာရင် 
တစ်နေ့ဖြစ်ချင်တဲ့ 
အိမ်မက်ကိုယ်စီရှိကြမှာပါ 
သဲအိမ်လေးတွေဆောက်ပြီး 
ပျော်မွေ့နေတတ်တဲ့ 
ကလေးငယ်တစ်ယောက်ဟာ 
တစ်နေ ့အင်ဂျင်နီယာဖြစ်ချင်သလို 
မျက်ခင်းစိမ်းတွေနဲ့ 
အသားကျနေတဲ့ 
ခြေထောက်တွေက 
ကမ်ဘာ့အဆင့်မီဘော်လုံးသမား 
တစ်ယောက်ဖြစ်ချင်သလို 
ကျောင်းစာတွေနဲ့မွေ့လျော်နေတဲ့ 
ကလေးငယ်တစ်ယောက်ဟာ 
တစ်နေ့ခေတ်ပညာတတ်ကြီး 
ဖြစ်ချင်နေမှာပါ 
ဒါဆိုfirst second third 
တံတွေးရှိတဲ့လှိုင်းတွေ 
စာအုပ်ပေါ်ရောက်လာတဲ့ 
ကျွန်တော်ရဲ ့အိပ်မက်ကဘာလဲ 
ရတနာပုံတက္ကသိုလ်က 
ပေးတဲ့ဘွဲ့လက်မှတ်ထက် 
လမ်းဘေးကဘေးဆိုင် 
ချန်ပီယံဆုကိုပိုမက်မောခဲ့တယ် 
စာစစ်ဌာနလက်ထဲ 
အဖြေလွှာစာရွက်ထပ်ဖို ့ထက် 
ပရိသတ်လက်ထဲဆုံးမစာ 
mistakesထည့်ပေးဖို့ 
ပိုကြိုးစားခဲ့တယ် 
လဲကျလိုက်ပြန်ထလိုက် 
ကြိုးစားနေရင်းနဲ ့ဘဲ 
social networkပေါ်က 
သီချင်းတွေ 
အပြည့်ကိုခုန်ထွက်လာခဲ့တယ် 
ကျွန်တော့ရင်ဘတ်နဲ ့ 
ရေးတဲ့သီချင်းတွေ 
သူတို့ရင်ဘတ်ထဲကိုရောက်ခဲ့တယ် 
ကျွန်တော်ပစ်ထည့်လိုက်တဲ့ 
စကားလုံးတွေ 
သူတို့နားကနေစိတ် 
သူတို ့နှလုံးသားထဲထိ 
ရောက်ခဲ့မယ်ဆိုတာ 
ကျွန်တော်ယုံတယ် 
ကြည့်စမ်းပါဦးဗျာ 
ကျွန်တော်ရိုးသားစွာ 
ရည်ရွယ်ချက်ကြီးမားခဲ့ပါတယ် 
နန်းတော်ရှိဆရာသင်ဆရာမျိုးမှ 
နင်တို့လိုကလေးတွေက 
ဒီဘက်ခေတ်musicမှာ 
ဘာမှမလုပ်ပြနိုင်ဘူးလားဆိုတဲ့ 
ဝေဖန်ချက်ကိုချေဖျက်ပြရမယ့်နေ့ 
တစ်ဘဝလုံး 
ရင်သက်ရူမောခံစားလာခဲ့ရတဲ့ 
မန္တလေးရဲ  ့အနုပညာတွေကြားမှာ 
ပုတ်သက်ချက် 
အသဲတစ်ပွင့်စာပါဝင်ခွင့်ရမယ့်နေ ့ 
ရွှေမော်တောမှာ 
နားထွင်းခဲ့ရတဲ့နေ့ရက်တွေအတွက် 
မန္တလေးundergroundကနေ 
နန်းတက်ခွင့်ရမယ့်နေ ့ 
အဲ့နေ ့ကိုနာမည်ပေးခဲ့တယ် 
ကျွန်တော်ပေးခဲ့တာမဟုတ်ဘူး 
ခင်ဗျားတို ့ပဲပေးခဲ့တာ 
အိမ်တွေထွက်မယ် albumက 
မန္တလေးတပင်ရွှေထီး