ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ
ဆွေလာတဲ့ အခိုက်အတန့် ငါပိုလွမ်းတယ်
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ထီးတချောင်းနဲ့တူတူ ထီးတချောင်းနဲ့တူတူ
မိုးနတ်မင်းကြီး ကိုယ်တိုင်က
ရွာမလို မရွာမလိုလိုနဲ့ နှောက်ယှက်နေလားကွာ
မြန်မာပြည်ရာသီခွင်ထဲမှာ June , July ဆိုငါပိုသတိရ
ဘဝမှာကံခေနေဆဲ အချစ်နဲ့ အလောင်းကစား
မိုးတွေသဲတဲ့နေ့ဆို ငါမနေနိုင်လို့
လွမ်းနေရတဲ့ အဖြစ်တွေကို မခံစားနိုင်လို့
မိုးမိသွားလို့ အဖျားဝင် ဘာဆေးမှမတိုး
ဘာညိုးနဲ့ မဆဲပဲသဲမလဲ ကိုယ့်ရဲ့မိုး
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ
ဆွေလာတဲ့ အခိုက်အတန့် ငါပိုလွမ်းတယ်
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ထီးတချောင်းနဲ့တူတူ ထီးတချောင်းနဲ့တူတူ
ဒီလိုမိုးတွေ ရွာနေတဲ့အချိန်
ငါအရမ်းလွမ်းတတ်တာ နင်မယုံလည်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ဒို့နှစ်ယောက်က အတူတူ ဒို့နှစ်ယောက်ကအတူတူ
ရွာနေတဲ့မိုးတွေ ဆိုနေတုန်းပါ
ဒီရင်ထဲ မင်းအကြောင်းတွေက အဆိပ်တက်
ဒီလိုမိုးသဲတဲ့နေ့ရက်တွေဆို အရမ်းလွမ်းမိ
အတူတူထီးလေးဆောင်းပြီး လျှောက်တဲ့ အရင်က လမ်းဆီ
ခဏလောက်ထွေးပွေ့ထားချင်လို့
ဖက်ထားပါမင်းလေးအနားနေမလို့
မိုးချိန်းသံကြားတော့ ကြောက်နေလို့ပါငါ
အရင်ကလို အနွေးဓာတ်မဲ့နေလို့
ပြတင်းတံခါးမှာတွဲလည်းကျနေတဲ့ မိုးစက်တွေရဲ့ကြား
မင်းနဲ့အတူအမှတ်တရတွေ ဟိုးအတိတ်ကို နောက်တခါပြန်မရ
နာကျင်နေတဲ့ မင်းပေးတဲ့
ဒဏ်ရာတွေတောင်အရမကျပ်သေးဘူး
ကံကြမ္မာက တခါလောက်လေးမှမျက်နှာသာမပေး
… Yeah
မိုးတွေသဲတဲ့နေ့ဆို ငါမနေနိုင်လို့
လွမ်းနေရတဲ့ အဖြစ်တွေကို မခံစားနိုင်လို့
မိုးမိသွားလို့ အဖျားဝင် ဘာဆေးမှမတိုး
ဘာညိုးနဲ့ မဆဲပဲသဲမလဲ ကိုယ့်ရဲ့မို
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ
ဆွေလာတဲ့ အခိုက်အတန့် ငါပိုလွမ်းတယ်
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ထီးတချောင်းနဲ့တူတူ ထီးတချောင်းနဲ့တူတူ
ဒီလိုမိုးတွေ ရွာနေတဲ့အချိန်
ငါအရမ်းလွမ်းတတ်တာ နင်မယုံလည်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ဒို့နှစ်ယောက်က အတူတူ ဒို့နှစ်ယောက်ကအတူတူ
ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ
ဆွေလာတဲ့ အခိုက်အတန့် ငါပိုလွမ်းတယ်
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ထီးတချောင်းနဲ့တူတူ ထီးတချောင်းနဲ့တူတူ
ဒီလိုမိုးတွေ ရွာနေတဲ့အချိန်
ငါအရမ်းလွမ်းတတ်တာ နင်မယုံလည်းနေ
ဟိုအရင်ကဆို ဒီလိုမိုးရေအောက်
ဒို့နှစ်ယောက်က အတူတူ ဒို့နှစ်ယောက်ကအတူတူ