huatong
huatong
avatar

မခင်နှင်းဆီရဲ့ နှင်းဆီ

လွှမ်းမိုး Versionhuatong
missmarine4012huatong
الكلمات
التسجيلات
ပန်းကလေးလို လှနေတာပဲ

ကြည့်နေချင်သည်

ပန်းကလေးလို ညှိုးမှာကိုပဲ

စိုးရိမ်ပါသည်

ပန်းကလေးလို လှနေတာပဲ

ကြည့်နေချင်သည်

ပန်းကလေးလို ညှိုးမှာကိုပဲ

စိုးရိမ်ပါသည်

မခင်နှင်းဆီ မခင်နှင်းဆီ

လှစမ်းပါပန်းလောက်

စောင့်ကြည့်ချင်သည်

နောင်တော့အခါ အလိုမကျရင်

သင့်ဘဝအတွက်ပဲ

တွေးကာ ငိုမိသည်

နှင်းဆီဆိုတာပန်း

မခင်နှင်းဆီ ဆိုပြန်တော

မ ခင် ပန်းကလေးပေါ့နော်..

ပန်းဆိုတာလည်း

မပန်းခင် လန်းတာမျိုးဖြစ်သည်

ဒါကြောင့်မို့ ဘာဖြစ်လို့များ

ဂုဏ်ယူနေချင်ကြတာလဲလို့

သင်္ခါရကို အစဉ်ထာဝရမှတ်တော့

သင် အနာတရဖြစ်မည်

နှင်းဆီဆိုတာပန်း

မခင်နှင်းဆီ ဆိုပြန်တော

မ ခင် ပန်းကလေးပေါ့နော်..

ပန်းဆိုတာလည်း

မပန်းခင် လန်းတာမျိုးဖြစ်သည်

ဒါကြောင့်မို့ ဘာဖြစ်လို့များ

ဂုဏ်ယူနေချင်ကြတာလဲလို့

သင်္ခါရကို အစဉ်ထာဝရမှတ်တော့

သင် အနာတရဖြစ်မည်

ပန်းကလေးလို လှနေတာပဲ

ကြည့်နေချင်သည်

ပန်းကလေးလို ညှိုးမှာကိုပဲ

စိုးရိမ်ပါသည်

ပန်းကလေးလို လှနေတာပဲ

ကြည့်နေချင်သည်

ပန်းကလေးလို ညှိုးမှာကိုပဲ

စိုးရိမ်ပါသည်

မခင်နှင်းဆီ မခင်နှင်းဆီ

လှစမ်းပါပန်းလောက်

စောင့်ကြည့်ချင်သည်

နောင်တော့အခါ အလိုမကျရင်

သင့်ဘဝအတွက်ပဲ

တွေးကာ ငိုမိသည်

အိုနှင်းဆီ.. သင့်နှင်း...ဆီ

တကယ်ကိုလှပါသည်

အဟုတ် ပင်ချောပါသည်

နောက်တော့ ဂုဏ်လည်းရှိသည်

ဪ နောက်တော့စုံလို့ပါပဲ

ပြောလဲ မပြောတတ်ပါပြီ

အိုနှင်းဆီ.. သင့်နှင်းဆီ

တကယ်ကိုလှပါသည်

အဟုတ် ပင်ချောပါသည်

နောက်တော့ ဂုဏ်လည်းရှိသည်

ဪ နောက်တော့စုံလို့ပါပဲ

ပြောလဲ မပြောတတ်ပါပြီ

(ဟော ပြောရင်း ဆိုရင်းနဲ့ဗျာ)

ဪ နှင်းဆီကလေးက

ကြေမွပျက်ပြုန်း

မြေကျသက်ဆုံး တုံးပါပြီ

အခုမှယူကြုံး မရလို

အပူလုံးထတော့သည်

ဒါကိုပင် ပရမတ်သူထင်

ဒါကိုပင် ပညတ်သူမထင်

အမှန်ပင်မှားကာ

အလွန်ပဲ သနားစရာ

ကောင်းလိုက်ပြန်ပါပြီ

မာလာသူ..က

ယထာဘူတ နည်းမကျတဲ့

အရေးမျှော်..

အတွေးအခေါ် ခေါင်လွန်း... လှသည်

အသိမဟာဖြစ်တဲ့

အဘိဓမ္မာအသစ်နဲ့

ကျုပ်အသည်းလွှာ

သရုပ်ခွဲကာ တွေ့ရတာတော့

အခြေအမြစ်ကြီး.... တဲ့

ပဒေသရာဇ်သမီးရဲ့ နှင်းဆီဟာ...

မခင်နှင်းဆီရဲ့ နှင်းဆီ

ပန်းကလေးလိုမလှပဲ

ပန်းကလေးလိုငြိုးပြန်ရှာသည်

အဖိုးမတန်တဲ့ဘဝနဲ့

ဆုံးပြန်ရသည်

ကံကြမ္မာမွဲလို့ လွဲရှာပါပြီ

သင့်အတွက်ကို ပင့်ရတက်ပို

ဟိုလူတစ်ယောက်ဖြင့်

အခုဆိုငိုလှပြီ...