အတိတ်မေ့ရောဂါ
မေ
V:1အမှားအယွင်းများနဲ့ လဲပြိုကျလာ
ဘဝစာမျက်နှာ
ကျန်ရစ်ခဲ့ပြီးတဲ့နောက်မှာ
မနက်ဆို အိပ်ငိုက်ခြင်းများနဲ့
နေပူရင်းမိုးရွာချသလိုပဲ
ပြုံးနေရင်းတောင်မျက်ရည်ဝဲ
အတိတ်မေ့ရောဂါမျိုးဖြစ်ချင်မိတယ်
Pre:တိတ်ဆိတ်သွားတဲ့စက်ဝိုင်းထဲမှာ
အဖြူရောင်တွေမရှိတော့ပါ
ပြောင်းလဲခြင်းတွေရေတွက်ရင်းသာ
ခံနိုင်ရည်ကုန်ဆုံးလို့. . . . .
CHO:တစ်ချိန်ချိန်မှာ ဒါတွေအားလုံး
မေ့ပျောက်ချင်တယ်. . .
အခြေအနေတွေ အသစ်ပြန်
အစ ပြု လို့ ရရင်ကောင်းမယ်. . .
အို အတိတ်မေ့ရောဂါရယ်
ငါ့အတွေးနဲ့အသိကို
ယူသွားလိုက်ပါကွယ်. . . .
ငါ့အတွေးနဲ့အသိကိုယူသွားလိုက်ပါကွယ်. . . .
V:2အကြိမ်ကြိမ်ရှုံးနိမ့်မှုနဲ့ ပေါင်းသင်းနေခဲ့
ဝန်မလေးဘူး အမြဲတမ်း
ဆက်လျှောက်နေလဲ
ဒီတစ်ခေါက်ရဲ့ ရှုံးနိမ့်ခြင်းက
ငါ့ကိုနိုင်ခဲ့တယ်. . .
တိမ်တိုက်တွေမရှိတဲ့ ကောင်းကင်မျိုး
ကွက်လပ်များသာပြည့်နေတဲ့
ဒီစိတ်တွေကို
အတိတ်မေ့ရောဂါဖြစ်ဖို့ ငါတောင်းဆို
Pre:တိတ်ဆိတ်သွားတဲ့စက်ဝိုင်းထဲမှာ
အဖြူရောင်တွေမရှိတော့ပါ
ပြောင်းလဲခြင်းတွေရေတွက်ရင်းသာ
ခံနိုင်ရည်ကုန်ဆုံးလို့. . . . .
CHO:တစ်ချိန်ချိန်မှာ ဒါတွေအားလုံး
မေ့ဖျောက်ချင်တယ်. . .
အခြေအနေတွေ အသစ်ပြန်
အစပြုလို့ရရင်ကောင်းမယ်. . .
တစ်ချိန်ချိန်မှာ ဒါတွေအားလုံး
မေ့ဖျောက်ချင်တယ်. . .
အခြေအနေတွေ အသစ်ပြန်
အစပြုလို့ရရင်ကောင်းမယ်. . .
ဟိုးးးးး အတိတ်မေ့ရောဂါရယ်
ငါ့အတွေးနဲ့အသိကို
ယူသွား လိုက်ပါ ကွယ်. . . .
ဟေး.............ရေ..........အေ.......
ငါ့အတွေးနဲ့အသိကိုယူသွားလိုက်ပါကွယ်
ဟေး.............ရေ..........အေ.......