...ကိုယ်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ...
***စိုင်းဆိုင်မော့စ်***
A..အခြေမဲ့ ကိုယ့်ဘဝရဲ့ ရင်ခွင်ငယ်ထဲမှာ
ဘယ်သူခိုဝင်မှေးစက်ချင်မှာလဲ..
ချစ်တတ်တဲ့နှလုံးသား
သည်မောင်မှာ တကယ်ရှိတယ်..
ဘယ်အငြိုးကြောင့်
အချစ်ရယ်မုန်းသွားတယ်..
B..ဟိုဆီ ရပ်ဝေး
ခဏလေး ပြောထွက်ခွာ..
နင်လေထွက်သွား
တစ်နှစ်ပြည့် ပြန်ကာမလား..
မကြင်နာလိုသူကို တို့အလွမ်းတွေ
မထားရှိခဲ့ပါ..
တို့ရဲ့အချစ်ကိုလှည့်ကာ လိမ်ညာသွား
ကိုယ်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ..
A..ကိုယ် အမှတ်ရခဲ့လည်း
နင်လေမေ့ထားမယ်..
သည်မောင်အမည်တောင်လွဲမှားသူခေါ်ပြီ
ဖြစ်သမျှဒီအကြောင်းလေး
နင်လေ ညာခဲ့တယ်..
ချစ်ခြင်းရဲ့အဆုံးဟာ အမုန်းလားကွယ်..
B..ဟိုဆီ ရပ်ဝေး
ခဏလေး ပြောထွက်ခွာ..
နင်လေထွက်သွား
တစ်နှစ်ပြည့် ပြန်ကာမလား..
မကြင်နာလိုသူကို တို့အလွမ်းတွေ
မထားရှိခဲ့ပါ..
တို့ရဲ့အချစ်ကို လှည့်ကာလိမ်ညာသွား
ကိုယ်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ..
A..ဟိုဆီ ရပ်ဝေး
ခဏလေး ပြောထွက်ခွာ..
နင်လေထွက်သွား
တစ်နှစ်ပြည့် ပြန်ကာမလား..
မကြင်နာလိုသူကို
တို့အလွမ်းတွေ မထားရှိခဲ့ပါ..
B..တို့ရဲ့အချစ်ကို
လှည့်ကာလိမ်ညာသွား
ကိုယ်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ...
~~~~~~
...လိုအင်ဆန္ဒတွေပြည့်ဝပါစေ...