huatong
huatong
avatar

ချစ်မိုးကြီး

Myint Zu Thinhuatong
fioritaellhuatong
الكلمات
التسجيلات
သီချင်း - ချစ်မိုးကြီး

တေးဆို - မဥ္ဇူသင်း

ညို ရောင် မှိုင်း

မိုး .. မိုးတိမ်ယံက ဆိုင်း

ဆိုင်းခဲ့လေပြီ သက်ထား

ဘယ်သော အခါများ

အချစ်ပွားရပါ မည်

ညိုရောင် မှိုင်း

မိုး .. မိုးတိမ်ယံက ဆိုင်း

ဆိုင်းခဲ့လေပြီ သက်ထား

ဘယ်သော အခါများ

အချစ် ပွားရပါ မည်

ချစ်မေတ္တာ သာစေကြောင်း

ဆုတောင်းပေမယ့် တာရှည်ခဲ့ပြီ

စကြာဝဠာ ကွာလေငြား

စိတ်မှာ သာပင်

လိပ်ပြာထဲမှာ စွဲမိသည်

မတတ်သာ ခပ်ခွာခွာ နေဦးစို့

မုန်းလို့တော့ ဟုတ်ဘူး

အသည်းဘဝင်မှာ အတည်

မခွဲ .. ချင်ပါသည်

ထာဝစဉ် အမြဲတမ်း မမေ့နိုင်သည်

နေ့စဉ်ခင်မင် စွဲလန်းသည်

လစန္ဒာ မြူနှင်းမှုန်တွေ ဆိုင်းလို့ရယ်

နှစ်ယောက်ချင်းလဲ သဘောတူညီ

ချစ်တင်းလဲ နှောခဲ့ သည်

ထာဝစဉ် အမြဲတမ်း မမေ့နိုင်သည်

နေ့စဉ်ခင်မင် စွဲလန်းသည်

လစန္ဒာ မြူနှင်းမှုန်တွေ ဆိုင်းလို့ရယ်

နှစ်ယောက်ချင်းလဲ သဘောတူညီ

ချစ်တင်းလဲ နှောခဲ့သည်

ပြောပေ မယ့်လို့

သူကတော့ မေ့ပြီ ထင်ပါသည်

ချစ်ပင် ချစ်မိုး

ချစ်လက်စ တိုး ခဲ့ကြသည်

ဪ . ပြောပေ မယ့်လို့

သူကတော့ မေ့ပြီ ထင်ပါသည်

ချစ်ပင် ချစ်မိုး

ချစ်လက်စ တိုး ခဲ့ကြသည်

ချစ်မိုးကြီး မစဲပဲ

သည်းသည်း မည်းမည်း

အမြဲပင် ရွာချင် သည်

သဉ္ဇာ ဗွေလီ

လူခြေတိတ်တောင် အိပ်လို့မရပေါင်

ရောင်နီကျင်းကာ လင်းချိန်တန်ခဲ့ ပြီ

သဉ္ဇာ ဗွေလီ

လူခြေတိတ်တောင် အိပ်လို့မရပေါင်

ရောင်နီကျင်းကာ လင်းချိန်တန်ခဲ့ ပြီ

အရိပ်ကို အယောင်ထင်သည်

လူချင်းတွေ့သလို ပြောလိုက်ပါရစေ

မေ့လို့ မရနိုင်ပါသည်

ဖျောက်လို့ မရနိုင်ပါသည်

မျက်စိထဲမှာ ဝဲကာ ပေါ်လာသည်

ဪ . မေ့လို့ မရနိုင်ပါသည်

ဖျောက်လို့ မရနိုင်ပါသည်

မျက်စိထဲမှာ ဝဲကာ ပေါ်လာသည်

ကြာလေ မမေ့နိုင်ပဲ

နေ့စဉ်ပဲ လွမ်းမိသည်

အသည်းထဲက မေတ္တာရည်

မောင့်ကို ရည်ညွှန်း သွန်းခဲ့ သည်

လွမ်း အောင် ခု ၊ ပြုရက်နိုင်သည်

အနေခက်အောင် သွေကွက်ခဲ့ပြီ

သတ္တ ဘာဂီ

ဘဝင်မှာ မရွှင်နိုင် တော့သည်

အချစ်ဆုံးမို့ မမုန်းရက်နိုင်သည်

ဘယ်တော့မှ မမုန်းရက်နိုင်တော့သည်

လွမ်း အောင် ခု ၊ ပြုရက်နိုင်သည်

အနေခက်အောင် သွေကွက်ခဲ့ပြီ

သတ္တ ဘာဂီ

ဘဝင်မှာ မရွှင်နိုင် တော့သည်

အချစ်ဆုံးမို့ မမုန်းရက်နိုင်သည်

ဘယ်တော့မှ မမုန်းရက်နိုင်တော့သည်

ရန်ဘယာ အလီလီ

ကင်းစေကြောင်းနဲ့ ၊ အခါခါမျှော်ရည်

ဆုတောင်းရပါ သည်

တောင်းတဲ့ဆုနဲ့ ပြည့်စုံပါရ စေ

المزيد من Myint Zu Thin

عرض الجميعlogo