huatong
huatong
avatar

သိပ်ချစ်မိတဲ့အခါ

NOhuatong
missjmc1960huatong
الكلمات
التسجيلات
သီချင်း - သိပ်ချစ်မိတဲ့အခါ

တေးဆို - NO

မျက်ဝန်းလေးများနဲ့နှောင်ဖွဲ့ခဲ့

အနားနားမင်းရှိချိန်များ

တစ်နေ့ကြချစ်မိမှာလား တို့မသိခဲ့

ခြောက်ကပ်လွန်းတဲ့ တို့ရဲ့ဘဝထဲကို

မိုးစက်များနဲ့ မင်းရောက်လာခဲ့

လင်းလက်လွန်းတဲ့ အချစ်တွေနဲ့

မင်းလမ်းပြခဲ့တယ်

ရင်ခုံခြင်းနဲ့ကြင်နာခြင်း

တို့ရင်ထဲမှာ လှိုင်းခက်လို့

မျှော်လင့်ခြင်းမထားဘူးတဲ့

အချစ်ဆိုတာကို မသိခဲ့လို့

တုန်ယင်စွာဖက်ထား

စကားလေးတွေကို မင်းပြောခဲ့

ယုံကြည်စွာ မှတ်သားမယ်

ချစ်တတ်ခဲ့ပြီ မင်းလေးနဲ့

မပြောနဲ့ တို့လမ်းခွဲရမယ့်အကြောင်းတွေ

ဝေးရမှာ ငါကြောက်လို့

မတားနဲ့ တို့သိပ်ချစ်ရတဲ့အချစ်တွေ

ဆုံးရှုံးမှာ ငါကြောက်တယ်

တစ်ယောက်က တစ်ယောက်ရဲ့

အရိပ်ကလေးလို မခွဲတမ်းအမြဲရှိရင်း

ပြောင်းလဲမသွားမယ့် အချစ်တွေနဲ့ တို့ချစ်ခဲ့တယ်

နွေးထွေးလွန်းတဲ့ မင်းရဲ့ လက်ကလေးတွေ

ယုယခြင်းနဲ့ တို့လက်ကိုတွဲ

အဆိုးရွားဆုံးသော လမ်းတွေလဲ

တို့လှျောက်ရဲခဲ့ပြီ

ဘာမဆိုငါရင်ဆိုင်မယ် မင်းရှိရင်

မကြောက်တတ်ခဲ့

အရာရာဟာချိုမြိန်လို့ 

လှပတဲ့မင်းအချစ်နဲ့ အသင့်ဖြစ်ခဲ့

တို့ဘဝရဲ့ နေ့ရက်သစ်တွေအားလုံးတွက်

ထာဝရထိဆက်ချစ်မယ် ဝေးကြဖို့မပြောလိုက်နဲ့

မပြောနဲ့ တို့လမ်းခွဲရမယ့်အကြောင်းတွေ

ဝေးရမှာ ငါကြောက်လို့

မတားနဲ့ တို့သိပ်ချစ်ရတဲ့အချစ်တွေ

ဆုံးရှုံးမှာ ငါကြောက်တယ်

ရူးတော့မယ် အချစ်ရဲ့စိတ်

မင်းလေးကို ငါစွဲလမ်း

ရီဝေတဲ့အပြုံးတွေနဲ့ လှပတဲ့အချစ်ရဲ့လမ်း

ဆန်းပြားတဲ့ဘဝတွေကို အချစ်တို့နဲ့မျှဝေလို့

အတူတူကွယ်ခံစားစို့ မင်းလေးကိုတို့ချစ်လို့

ဒဏ်ရာတွေရခဲ့ရင်

မင်းလေးငါ့ကို ထားခဲ့မှာလား

ဘဝပေးကာချစ်ခဲ့ပြီမင်းတို့ကို ယုံကြည်ထား

မှားသွားပါစေ ဆက်လျှောက်မယ်

တစ်ယောက်နဲ့တစ်ယောက်လက်ကိုတွဲ

နှလုံးသားခြင်းနားလည် အချစ်တို့နဲ့

တို့နှစ်ယောက်အမြဲ

မျှော်လင့်ချက်တွေနဲ့ အခိုင်မြဲဆုံး

မပြောနဲ့ တို့လမ်းခွဲရမယ့်အကြောင်းတွေ

ဝေးရမှာ ငါကြောက်လို့

မတားနဲ့ တို့သိပ်ချစ်ရတဲ့အချစ်တွေ

ဆုံးရှုံးမှာ ငါကြောက်တယ်

မပြောနဲ့ တို့လမ်းခွဲရမယ့်အကြောင်းတွေ

ဝေးရမှာ ငါကြောက်လို့

မတားနဲ့ တို့သိပ်ချစ်ရတဲ့အချစ်တွေ

ဆုံးရှုံးမှာ ငါကြောက်တယ်

المزيد من NO

عرض الجميعlogo
သိပ်ချစ်မိတဲ့အခါ لـ NO - الكلمات والمقاطع